Sunday, April 29, 2012
Inner comatose
The more I breath, the more i break
I eradicated all of the isolation phobia
Still i breath on truth
:::
        Slowly .....but surely I'm walking around in my circle ,
While I quietly prey
                                                                : I abandon this suffering with continuous living :
Saturday, March 31, 2012
ဆွဲဖွင့်မိသော တံခါးများ
"ဒေါက် ... ဒေါက်"
ကျွန်တော် တံခါးခေါက်လိုက်တော့ အာခိမိဒိက အထဲက ပြန်အော်တယ်
"တံခါးတပ်မထားဘူး" . . . ။
လောကတွင် ဟုတ်သယောင် ထင်နေရသည့် အရာများသာလွှမ်းမိုးနေသည်
စကားလုံးများက အသိဥာဏ်ကို ကန့် သတ်ထားဆဲ
မီးခဲပြာဖုံးလေးတွေ ပျော်နိုင်ပါစေ
ဖဲထုတ်တိုင်း ၅၁ ချပ်နဲ့ ငါးရှဉ့် တစ်ကောင် ချည်း ။
မဟာ လူသားဝါဒကို ခဏလောက် ခေါက်ထားကြည့်လိုက်ပါ
မျဉ်းဖြောင့်တစ်ကြောင်းရဲ့ ပတ်လည်အနားမှာ လျှောက်ပြေးသံပာာ
နတ်ဆိုးတွေ ဗုံတီးသလို ညံလို့ ။
လောကထဲမှာ လမ်းလျှောက်နေသောသင်္ချိုင်းမှတ်တိုင်များကို လူပာုခေါ်သော်
တံခါးခေါက်သံအပြီးမှာ အိမ်မက်တို့ အရေခွံကျွတ်ပြီးပါသွားခဲ့ ။
ဂရိနတ်သားက မီးကိုခိုးပီးထွက်ပြေးခဲ့ပြီ
ပန်းပုရုပ်တွေကလည်း အရေပြားတွေ တွဲကျလို့ 
ပြက္ခဒိန်ကို လှည့်ကြည့်ပြီးမှ ဒီရယ်သံပာာ အင်္ဂါသံလို့ သိရတယ် ။
ကျောက်တုံးတွေကို ကျွန်တော်တွန်းချလိုက်တယ်
ဝရုန်းသုန်းကား လိမ့်ဆင်းသွားတဲ့ ကျွန်တော်ပာာ ကျောက်တုံးတွေအောက်ပိလို့ ။
တစ်ရက်မှာ နှစ်ကြိမ်လွဲချော်ခွင့်ရှိတယ်ဆို
မဏ္ဍာပ်တိုင်ပေါ်တက် လျှာကိုအလံထူပြမယ်
တစ်ကြိမ်ပဲမှားတော့မယ် ။
အာခိမိဒိ ဘယ်လိုသေသွားတယ်ဆိုတာ ခင်ဗျားတို့ အမြင်ပဲ
ပင်လယ်ထဲခုန်ချသွားတဲ့ သုညတွေကတော့
အိပ်ရေးပျက်တက်သော "နိဗ္ဗာန်" ဆီသို့  . . .                                                                                                                                                                    တနင်္ဂနွေ ဂီတ                                                                                                                                                                      (31/3/2012)
Sunday, March 18, 2012
ရေဒီယိုသတ္တိတွေ ကြွေတဲ့ည
ငါ့သတ်ပုံတွေကို
ဖွင့်မဖတ်ကြည့်ပါနဲ့
စာလုံးတွေကို စုပ်ယူရင်း
လူဖြစ်အောင်လုပ်ခဲ့ရတာ
ပီပီသသလည်း မဟုတ်သေးပါဘူး ... ။
ငါဟာ
သကြားလုံးတစ်လုံးရဲ့
အချိုဆုံးစက္ကန့်ကို 
ဆွဲဆန့်ချင်သူဖြစ်နေလိမ့်မယ်
ဒါပာာ
ကိုယ့်အကြောင်းကိုယ် လုလုပြောတတ်တဲ့ လူတွေနဲ့
ခဏခဏ ကြုံတက်လွန်းလို့  ...
ဒါပေမဲ့
ငါ့ဝါကျနဲ့ ငါ
နင်မမြင်သာတဲ့ ဒဏ်ရာတွေရခဲ့ဖူးပါရဲ့.... ။
အကွက်ချပုံများ .. စေ့စပ်လွန်းတယ်
ငါညှိတဲ့ဖယောင်းတိုင်ကျမှ  မီးတောက်ကမစွဲဘူး
ကြယ်တွေကလည်း  မရိုးမရွလုပ်လွန်းတော့
ကောင်းကင် ကျိုးကျတော့မယ်
င့ါကုတင် ရွှေ့ ထားရင်ကောင်းမလား ...
အသံပောာင်းတွေပြန်ထွက်လာတဲ့ ဒီည
သော့မခတ်မိတာ မှားတာပဲ
ယောက်ယတ်ခတ် ကပြတော့
အက်စပရင်အပြားကို လရောင်နဲ့ ရောပြီး
သွေးကြောထဲ သွင်းမယ် ။
ကိုယ့်ကိုကိုယ် သစ္စာဖောက်ဖို့ ကြိုစားကြည့်တယ်
(ဒါပေမယ့် မအောင်မြင်ပါဘူး)
ဂိတ်ပေါက်ဝတွေကြား
မင်းရောငါရော သွေးလန့် ခဲ့ရလို့ 
အသက်ရူတွေမှားကြသေးတယ် ...
မြေကြီးထဲ မြုပ်နေတဲ့ ပုလင်းခွံတွေ
သက်သက်သာသာ နားပါစေတော့
သံမံတလင်းပေါ် သတင်းစာခင်းအိပ်တဲ့ညကို
သီချင်းတစ်ပုဒ်ထဲနဲ့ ပဲ
ရာဇမတ်ထောင် သဲဖြူခင်း
ရွှေနားတော်သွင်း အပျင်းဖြေခဲ့ရတယ်
အကောင်းဆုံး စိတ်ကူးတွေကို
ဗီလိန်တချို့က အဓမ္မသိမ်းသွားတော့
ကမ္ဘာတစ်ခြမ်းမှာ ငါ့ပာာငါ ( မှောင် ) လို့ 
အစာမှန်မှန် မစားဖြစ်တာ မှားလား
ပန်းကန်စင်ပေါ်က ဖုန်တက်နေတဲ့ ဇွန်းက
ငါ့ကို လှောင်တယ် ...
လှောင်ပါစေ ငါကလည်း
အဲ့ဒီကျိန်စာကိုပဲ အရသာခံနေတာ
ဗီတာမင် စီ ထက်ပိုချိုတယ် ။
ဂျီကျတဲ့ ဗီဇကို ဖြည်ချ ကြည့် တော့
မပီသတဲ့ ဂီတသံတွေချည်း အမြစ်တွယ်နေ
ဖျားနေတဲ့ ခိုအိုကြီးလိုပဲ  ...
ငါ့လျှာပေါ် လာနားတဲ့ အနုပညာကို
ဖြည်းဖြည်းလေး အရသာခံမလို့  ...
သွားနှင့်ကြပါ
့မြက်ဖိနပ်နဲ့  ငါလိုက်ခဲ့မယ် ။
စီးကရက်လေး တလိပ်လောက်ကို
တညလုံး စောင့်စားခဲ့ရတယ်
င့ါကိုယ်ထဲက ရေဒီယိုသတ္တိတွေ ကြွေတဲ့ည ဖြစ်လို့ပေါ့။
နတ်ဝှက်ထားတဲ့ ပန်းသီး ...
ဘယ်သူမှမတွေ့ ခင် ပုတ်နေပြီ
ဘုရားကျောင်း ရောက်ရင်ပြောလိုက်ပါ
သူဆိုဆိုနေကျ အသံအောကြီးနဲ့ 
အာမင် အသံထွက် မှားနေတယ်လို့  ။
ဝိညာဉ်ခွက်ကို မကုန်ရင်ထားခဲ့ပါ
ဒီညကိုတော့ ၀၀လင်လင်စားလိုက်ပါ
နှလုံးသားထဲကို ရေမသွန်ပါနဲ့  ။
တံတားတွေကို ဖျက်ပစ်လိုက်ပြီ
ကောင်ကင်ထိ မရောက်မှတော့ ဘာလုပ်မှာလဲ
ပိာုချာတိတ်မကပြောတယ်
"ကျွန်မ"  ဖြစ်ပြီ တဲ့ ။
                                                                                                      တနင်္ဂနွေ ဂီတ
                                                                                                   19/3/2011
Friday, February 17, 2012
ဈာပန
ခမ်းဆီးစကိုဆွဲဖွင့်လိုက်ပါ
တစ်ဆို့ နေတဲ့ ငိုရှိုက်သံတွေ
ခေါင်းအုံးအောက်က ဘုရားစာတွေ
အိမ်နောင်ဖေးက ငှက်ဆိုးထိုးသံတွေ
မအိပ်တဲ့နာရီစင်ထဲကို စီးဝင်ပျောက်သွားလို့  ။
ချွေးစီးမွန်းနစ် အိပ်မဖြစ်တဲ့ည
ခေါက်ရေက ရည်တွက်မရ
တအအ နဲ့ လည်ချောင်းထဲတစ်ဆို့ နေတဲ့ အနာဂတ်တွေ
ကြေးစည်သံ လည်းမကယ်နိုင်တော့ ။
အိမ်ရှေ့ လှေကားအဝ
မှန်ချပ်များကခြောက်လှန့်ပြ ငါ့ကိုငါလည်းရှောင်ခဲ့ရတယ်
နောက်ဆုံးညစာပာာ ဘယ်အနပ်မှန်းမသိ
လူမမာရဲ့အိပ်ကပ်ထဲက ထမင်းတနပ်စာတောင်
“မှောင်”လို့ ။
“ဟဲ့…အကန်း ..လမ်းကဒီမှာ ”  လို့  မီးထိုးပြတဲ့
သေမင်းနောက်ကို လတ်မှတ်လေး ကိုင်စောင့်
မျက်မှောင်ကုတ်ကုတ် ဒီရုပ်ကို သင်
မြင်ရင် မှတ်မိနိုင်စွမ်းမရှိပါ ။
ညလယ် လေအဝှေ့ 
ငါ့ဝိညဉ်ဖြတ်သွားချိန်
လမင်းမှိန်ဖျော့ပေးရတယ်
သမ္မာကျမ်းစာပေါ်က လင်းနို့တို့အော်ဟစ်သံ
နားထဲကို ထိစင်ပြန်လာရဲ့။
ယာယီရင်မခုန်တဲ့ နှလုံးသားပာာ
ပိန်ချုံးခြောက်ကပ်စွာ
ကပ်သုံးပါးမှာမျောနေတယ်။
“အမေကစိုးရိမ်တတ်တယ်”
ပိန်လိုက်တာနော်တဲ့
ည ည အိပ်မပျော်ဘူးအမေ
တံခါးခေါက်သံကြားကြားနေရတယ်
သမားကောင်းထံအပ်နှံပါရဲ့
မနက်ဖြန် မနက် ရေချိုးချင်သေးတယ်
ပေါင်ချိန်စက်ပေါ် တက်ရပ်ကြည့် တော့
၁၆ နှစ်သား အလေးချိန်နဲ့  မတိမ်းမယိမ်း
သွားကာနီးတောင် နဝေတိမ်တောင်
အကြွေးစာရင်း အရှုပ်အရှင်းစဉ်းစားနေလေရဲ့
လက်မောင်းသွေးကြောတွေကိုလည်း အားနာပါတယ်
အပ်ပေါက်ရာက ဇကာဖြစ်
မျက်တွင်းထောင့်ကပ် မျက်ရည်ငန်က
အမေ့ဈေးဖိုးအတွက် ပူပန်နေဆဲ
အံကြိတ်လိုက်တဲ့ ငါတယောက်ထဲရဲ့
ညည်းညူသံမှာ အလကားဒုက္ခခံချင်ရှာတယ်
အသက်ရှင်ခြင်းတရားကို ငါကိုယ်တိုင်သတ်မိလိမ့်မယ်
ဒီလိုနဲ့ ပဲ ...
နားထဲလည်း ဘာမှ မကြားတော့
မျက်လုံးထဲလည်း ဘာမှ မမြင်တော့
ဒီခန္ဓာခွာ ငါထွက်တော့မည်
မဆုံးသောလမ်း ငါလျှောက်တော့မည်
မျက်လုံးကိုမှိတ် အံကိုကြိတ်၍
အားလုံးကိုချော့  ငါလျော့ တော့မည်
ငါသေသွားသော် ငါ၏ခန္ဓာမသယ်ကြနှင့်
ငါသေသွားသော် ငါ၏အလောင်းမြေမချနှင့်
ငါသေသွားသော် ငါ၏သန္ဓေ ဂူမသွင်းနှင့်
ငါသေသွားသော် ငါ၏အရိုး ပြာမစုနှင့်
ငါသေသွားသော်
ငါ၏ကိုယ်ကို မှိုင်းငွေ့ တိုက်၍
လေထဲသို့ သာ လွှင့်ပါလေ ...
                                                                                                        တနင်္ဂနွေ ဂီတ
                                                                                                         (16/2/2012)
Monday, February 13, 2012
ကြီးကျယ်ခြင်း
ကမ္ဘာဦးအစ ဧဝကိုက်ခဲ့သော ပန်းသီးသည် ချိုမည်ထင်သလော
နယူတန်ခေါင်းပေါ် ပြုတ်ကျခဲ့သော ပန်းသီးသည် ကြီးမည်ထင်သလော
စတိဂျော့လက်ပေါ် မွေးလာသော ပန်းသီးသည် စားလို့ ရမည်ထင်သလော
ကျွန်န်ုပ် မငြင်းလို ။
စနိုးဝှိုက် စားနေသော ပန်းသီးကိုတော့ ကျွန်န်ုပ် မစားလိုပါ။
ထိုအသီးသည် အဆိပ်ရည် စိမ်ထားကြောင်း သိနေသောကြောင့် ဖြစ်၏။
တစ်ခါက ပာစ်တလာ၏ အမိန့် သည် လူပေါင်းများစွာ သေခဲ့ဖူးသည်
တစ်ခါက အိုင်းစတိုင်း၏ နူတ်ခမ်းမွှေးသည် မည်းနက်ခဲ့ဖူးသည်
ထိုအိုင်းစတိုင်း၏ အနုမြူဗုံး ပုံသေနည်းသာ ပာစ်တလာ၏ လက်ထဲရောက်ခဲ့လျှင်
မည်းနက်နေသော နူတ်ခမ်းမွှေးနှင့်လူများလည်း သေစေနိုင်သည် ။
ဂျူးလူမျိုးများခင်းပေးသော သွေးလမ်းပေါ်တွင် ကားမောင်းချင်သည်
သမုဒ္ဒရာထဲရှိ လိပ်များကို အာကာသသို့ လိုက်ပို့ ချင်သည်
ပယ်နယ်တီဘောလုံးကို ဒေးဗစ်ဘက်ခမ်းအား ကန်စေချင်သည်
မြေခွေးတို့လှမ်းမမီသည့် စပျစ်သီးနှင့် ချက်သော ဝိုင်ကိုသောက်ချင်သည်
နေထွက်လာမည့်  ညတညကို မြင်ဖူးချင်သည်
စကြဝဠာကို အမဲလိုက်ခဲ့သော ဘီးတပ်ကုလားထိုင်ပေါ်က မဟာပေါက်ကွဲမှု သီအိုရီကို ကျွန်တော် ကြိုက်၏။
ခပ်ညံ့ညံ့လူများ၏ မုန်းတီးမှုကို ကျွန်တော်ကြိုက်၏။ (ဆားနည်းနည်းတော့ ဖြူးရပါသည်။)
နွားတချို့ခံတွင်းမြိန်ရန်အတွက် မြက်များကို ချော့ကလက် ဆမ်းပေးရန် မလိုပါ။
ဆပ်ပြာပူဖောင်းကို ပုဆိန်ဖြင့် ပေါက်ရန် ကျွန်န်ုပ် အားမထုတ်
လူဆိုသည်မှာ ခြေထောက်နှင့်သာ လမ်းလျှောက်ရ၏။
အနုပညာရူးများကို ဒလသို့ ပို့လိုက်ပါ။
ထွေးခံအပေါက် တစ်လုံးကို ခေါင်းတွင်ဆောင်းကာ သရဖူဟု ကြွေးကြော်နေသူ အရူးအား
စာရေးဆရာဟု ဘာကြောင့် ခေါ်ကြသနည်း။
ဟို ကဗျာဆရာ၏ ဦးခေါင်းခွံကို အမှိုက်ခြင်း လုပ်ချင်ပါသည်။
အနုပညာအတု ထုတ်လုပ်ခြင်းသည် တင်အတု တပ်ဆင်ခြင်းထက် အပြစ်ကြီး၏။
မြန်မာပြည်၌ မထွက်သော အရာမှာ ယူရေနီယမ်နှင့် ကဗျာဆရာဖြစ်သည်။
ကျွန်န်ုပ်သည် အင်းဂလေ့ခ်ျလို အနည်းအကျဉ်း တတ်၏။
ပီကာဆိုသည် လုံးဝမတတ်။
စော်ကားပေါင်းများလို့  တက္ကသိုလ် ပထမနှစ် တစ်ဖုန်းဖုန်းကျဘူးသည်
ပန်းနုရောင်တောင် မသမ်းတဲ့ချစ်သူရဲ့ တံတွေးတစ်စက်ကိုလည်း လွမ်းသည်
မကျက်တကျက် ကြော်စားရန် ကြက်ဥတစ်လုံးကို ခွဲလိုက်သောအခါ အထဲမှ နဂါးတစ်ကောင် ထွက်လာလေသည်။
မနက်က မြူခိုးဆိုင်းသွားသည်
မနက်က ဓါတ်ဆီဈေး ၂၀၀ တက်သွားသည်
မနက်က မနက်စာ ငတ်သွားသည်
အရင်က တွတ်ပီကို အားကျသည်
အရင်က မိုက်ကယ်ဂျက်ဆင်ကို ဆဲဖူးသည်
အရင်က မိုနာလီဇာကို ကြိုက်ဖူးသည်
ဂန္တဝင် စာအုပ်စင်ထဲမှ ထွက်လာသော ပိုးဟပ်တစ်ကောင်၏ လေချဉ်တက်သံကို နားထောင်မနေကြပါနဲ့        
ဂျက်စတင်ဘီဘာ၏ အသံလား၊ ကက်ဆက် ခလုတ် ပိတ်လိုက်ပါ။ ယနေ့မေတ္ထာသုတ်ကျက်ရန် အလုပ်ရှိသည်။
ဘီသိုဘင် လဲသေပြီ
မိုးစက် လဲသေပြီ
ကတ်ကိုဘင်း လဲသေပြီ
ဒိုးလုံး လဲသေပြီ
မိဘမဲ့ဂေပာာတွင်လည်း လူကြပ်နေသည်
့ပြာခွက်မတွေ့ မီးချစ်မရှိ
သောက်ချင်စိတ် မရှိ
မနက်နိုးရင် ပန်းပင်ရေလောင်းချင်သည်
ပဲပြုတ်နဲ့  နံပြားရရင် စားချင်သည်
နတ်ကနား ပွဲများ မုန်းသည်
အာဒံ နှင့် နေရာချင်းလဲချင်သည်
ဘယ်ဘက်နံရိုးတစ်ခြမ်း အောင့်နေသည်
ဧဝ ကို အိုင်းစတိုင်းနှင့် ပေးစားလိုက်ပါ
စိန်စီသောည ထက် သာယာပေလိမ့်မည်
ရာဇ၀င်များကို ခဲဖျက်နှင့် ဖျက်ချင်သည်
................................
မသေသပ်
............
မလှ ပ
..........
အသုံးမ၀င်
.............
အဓိပ္ပာယ်မရှိ
.................
ကျွမ်းကျင်မှုမရှိ
...................
ခံစားမှုမရှိ
.............
အကြုံးမ၀င်
.............
...........
.......
....
..
.
တကယ်ပါ
ဂန္တဝင် စာအုပ်စင်ထဲမှ ထွက်လာသော ပိုးဟပ်တစ်ကောင်၏ လေချဉ်တက်သံကို နားထောင်မနေကြပါနဲ့   ။
                                                                                                                     တနင်္ဂနွေ ဂီတ
                                                                                                                     ( 14/2/2012 )
Wednesday, February 8, 2012
မတရား ပောာပွဲ
တရားပွဲ
လွတ်လပ်သည် ထင်သော ငှက်များကို လေပာာနယ်ကထိန်းချုပ်ထားပါသည်
ရွှင်မြူးသည် ထင်သော ငါးများကို ရေထုကထိန်းချုပ်ထားပါသည်
လူသားတို့ ကို အဘယ်က ထိန်းချုပ်ထားပါနည်း  ။
အတောင်ပံမပါသောပုခုံးများနှင့် ပါးပာပ်မပါသောနှာခေါင်းတို့ သည်
ုအသက်ရူခြင်းဝန်ထုပ်ကို မည်မျှကြာအောင်ထမ်းနိုင်မည်နည်း
မြေနီလမ်းတွင်ပျော်သော တာယာဖိနပ် နှင့်
ရှူးဖိနပ်ထဲတွင်ပျော်သောခြေအိတ် တို့ သည်
ကျရာတာဝန်ကျေပွန်ကျသည် ။
ကော်ဖီမကြိုက်သောသူ (နှင့်) သည်းခံခြင်းကို မကြိုက်သောသူ
မည်သူကအသက်ပိုရှည်မည်နည်း ။
သေမင်းကိုအရွဲ့တိုက်သူ (နှင့်) ဘုရားမရှိခိုးသောသူ
မည်သူက ငရဲပိုကျမည်နည်း ။
လုံခြူံမှုမရှိသော ထီးတစ်လက်သည် ခံတွင်းပျက်နေသော မိုးခါးရေများကို လှိုက်လှဲစွာကြိုဆိုကြသည် ။
ကိုရွှေဖားများသည် မီးစက်သံထက် ကျယ်လောင်သော မိုးချိန်းသံတို့ တွင် သာယာနာပျော်ကြသည် ။
လမ်းမီးတိုင်အောက်တွင် လဲနေသော အရက်ပုလင်းခွံသည် အာရုံဆွမ်းကြွသော သံဃာတော်များအတွက် ခလုတ်ကသင်းဖြစ်စေသည် ။
ကတ္တရာဒဏ် အလူးအလဲခံနေရသော ကားတာယာတို့ သည်  မြက်ခင်းစိမ်းများကို ချစ်ခင်ကြသည် ။
မတရားပွဲ
ပဲပြုတ်သည်ကို အဖော်လုပ်ပေးသော အုံးမောင်း တုံးခေါက်သံသည် သူမ၏စားဝတ်နေရေး ခေါင်းလောင်းကိုပါ စည်းချက်လိုက်နေသည် ။
ဆေးရုံကုတင်ပေါ်ရှိ လူနာအတွက် ပေါင်မုန့် တစ်ချပ် နို့ တစ်ခွက် က နတ်သုဒ္ဓာ ဖြစ်နိုင်သည် ။
ဆရာ/မ များထက် တက္ကသိုလ်ကျောင်းတွင်း ဈေးဆိုင်ဖွင့်သူများက ကျောင်းသူ/သား များကို ပိုမျှော်လင့်ကြသည် ။
ညနေစောင်းလျှင် ချောင်သော ဘတ်စ်ကားများကို နေ့ စားအလုပ်သမာများက တောင့်တကြသည် ။
စည်းရှိကမ်းရှိနှင့် အမှိုက်များကို အမှိုက်ပုံးထဲတွင်သာပြစ်ရန် အမှိုက်လှည်းဝန်ထမ်းများက လိုလားကြသည်
ညနေ 3 နာရီ မူကြိုကျောင်းဆင်းချိန်ကို ကလေးမိဘများထက် ရေခဲချောင်းရောင်းသူများက ပိုမျှော်ကိုးကြသည် ။
အရက်ဆိုင်များတွင် လူပြည့် ကြပ်နေပြီး ဘုန်းကြီးကျောင်းများတွင် ဝေရာဝစ္စလုပ်ပေးမည့် သူ ရှားပါးနေဆဲ
မော်ဒန်မများကို စပွန်ဆာပေးကြမည့် လူ များနေပြီး ကျောင်းဆက်တက်ရန်အခက်အခဲရှိသူ ကလေးများကို ထောက်ပံ့မည့် သူ ရှားပါးနေဆဲပင်
ကောင်းသောစိတ်ဖြင့် လည်ပတ်နေသော နှလုံးခုန်သံတို့ ကို အကုသိုလ် အင်ဂျင်သံများက ဖုံးလွှမ်းနေကြသည် ။
နေရာ အလွဲအချော်များအတွက် တည့် မတ်ပေးနိုင်သော တက်ကျွမ်းသည့်  ပုဂ္ဂိုလ်များကိုလည်း ဆက်လက်ရှာဖွေနေဆဲ
ငါးတို့ သည် တောင်ထိပ်ရောက်နေကြသည် ။
သိန်းငှက်တို့ သည် ငါးဖမ်းပိုက်ကွန်တွင် ငြိနေကြသည် ။
အဆင်ပြေအောင် ဘက်လှည့် ပေးမည့် သူမရှိ
မျှော်လင့်သူကိုယ်တိုင်ပင် တောင်ထိပ် ( သို့  ) ငါးဖမ်းပိုက်ကွန် တစ်နေရာရာတွင် လူမမြင်သူမမြင် ရှိနေလိမ့်မည်
အမူးပြေအောင် သံပရာရည်ဖျော်သောက် မည့် အစား အမူးလွန်ပြီး အိပ်ပျော်အောင် မိုင်ကုန်ကစ်မည့် သူများ က မနည်းမနော ။
အစက်အပြောက်မှသည် အစွန်းအထင်းသို့  မသိမသာ တစ်မျိုး သိသိသာသာ တစ်မျိုး ကူးပြောင်းသွားလေတော့ သည် ။
“သင့်လက်ထဲတွင် သံပရာသီးတစ်လုံး ရှိနေသည်ဆိုလျှင် သံပရာရည်တစ်ခွက် ဖြစ်အောင်လုပ်လိုက်ပါ”
ကျွန်တော်တို့ အမှန်နေထိုင်ခဲ့ပါသလား။
အမှန်သည် ကျွန်တော်တို့နှင့် နေထိုင်ခဲ့ပါသလား။
နေထိုင်ခဲ့သော ကျွန်တော်တို့သည် အမှန်ပါလား။
လောကဆိုတာ ကျေးဇူးတင်စရာများတဲ့အရပ်ပါ။
ခွင့်လွှတ်ပါ အချစ်ရယ်။ အဲသလိုနဲ့ကိုယ်ဟာ...မတရားပောာတဲ့ဆရာ ဖြစ်ခဲ့ပါတယ်။
                                                                                                                     တနင်္ဂနွေ ဂီတ
                                                                                                            ( 9/2/2012 - Thursday 1:17 am )
Sunday, February 5, 2012
ပြုံးထားပါ့မယ်
လူတွေအတွက်ပါ
သိမှုခံစားမှုတွေများလာတဲ့အခါ
ကိုယ့်ကိုကိုယ်ပြန်ကြည့်လှည့်ပါ
အပောာင်းတွေပျောက်သွားတာတွေ့ ရတယ် ။
တရားသဘောကိုရှာဖို့ 
မတရားရုန်းနေရတဲ့စက်ဝိုင်းထဲ လမ်းစပျောက်နေတယ်
ရှာတွေ့ သွားသူတွေကလည်း နည်းနည်းရယ်
အင်အားကြီးမှ လွတ်မြောက်နိုင်မယ်ဆိုတဲ့ ၀ါဒီဖန်တီးသူ
သူကိုယ်တိုင်ပေးဆပ်ခဲ့ရတာက အသွေးနဲ့ အသားနဲ့  ။
လူတွေကအချိန်ကိုစားတဲ့ခေတ်ကနေ
အချိန်ကလူတွေကိုပြန်စားမဲ့ခေတ်
သိပ်မလိုတော့ပါဘူး ။
သတ္တိကောင်းတဲ့သူတွေကလည်း အနာဂတ်ကို သွေးတိုးစမ်းနေတုန်း
ကြုံတဲ့ သံသရာမှာဖြစ်သလိုဖန်တီးတဲ့ ပေါ့ပျက်ပျက် အရသာက
အတ္တတွေခေါ်ရာနောက် ကောက်ကောက်ပါအောင်လိုက်သွားကြ
ဘယ်သူမှ သိပ်မစိုးရိမ်ကြတော့ပါဘူး ။
အဆိပ်ငွေ့ တွေလွှမ်းနေတဲ့ ကောင်းကင်ကြီးလည်း ငယ်ငယ်ကလိုမလှတော့ဘူး
အပြာရောင်သန်းနေတဲ့ ပင်လယ်ကြီးလည်း ငယ်ငယ်ကလိုမလှတော့ဘူး
ကောက်ကွေးနေတဲ့စိတ်ဓာတ်တွေလည်း ငယ်ငယ်ကလို မဖြောင့်တော့ဘူး
ပာန်ဆောင်မျက်နှာဖုံးတွေတပ်ထားတဲ့သူတွေကြား
အပြုံးမဲ့ပင်ကိုယ်မျက်နှာက ငါ့အတွက်ကျက်သရေပိုရှိပါတယ်
သကြားကပ်နူတ်ခမ်းပါးတွေကြားလည်းမပျော်တော့
တကယ် အချိန်နည်းနေလို့ ပါ ။
ငါ့ဆီလာမဲ့ ထိုးနှက်ခြင်းတွေနေကောင်းပါစေ
ပြုံးထားပါ့မယ် ။
                                                                         တနင်္ဂနွေ ဂီတ ( 5/2/2012 - sunday )
Tuesday, January 24, 2012
လော လော ဆယ်
ဖြစ်လိုက်ရင်လည်း ဖြစ်ကတက်ဆန်းကြီးပဲ
ဘယ်သူတွေ ဘာတွေကြိုက်နေလည်း ကိုယ်လည်းမသိ
သည်းခြေကြိုက်တွေကို အချိန်ကိုက်ချကျွေးတက်တဲ့လူစားမျိုးလဲမပာုတ်
ကိုယ်မှန်ရင် တဇောက်ကန်းက တစ်ပြားမှ မလျှော့  ။
ပြင်တော့ ပြင်ပါတယ် .. ပြန်ပြန်ပျက်သွားလို့  လိုက်လိုက်ဆယ်ရတာလည်း အမောပဲ
ဖြစ်ချင်ရာဖြစ်ဆိုပြီး လွှတ်ထားလို့ ကလည်း မဖြစ်
ဘ၀ ကပျက်မှာလေ ။
အချိန်တွေကိုလည်း အားနာပါတယ်
ဒင်းတို့ ကလည်း (လုံးဝ) ကိုစောင့်တာမပာုတ်
လိုက်ချင်လိုက် မလိုက်ချင်နေပဲ
ဘယ်ထူးမလဲ လိုက်ရတော့ တာပေါ့ ။
နည်းနည်းတော့  နောက်ကျနေပြီ
မျက်နှာပြောင်တိုက်ပြီး ရယ်ရမှာပဲ
ကိုယ့်အမှားမှ မပာုတ်တာ
သူများအမှားလည်း မပာုတ်ပါဘူး ။
အပြစ်မရှိ အပြစ်ရှာတယ်လို့  အပြောကခံရသေး
ငါမပာုတ်သလိုလို ခပ်တည်တည်နေတက်တဲ့ငါကလေ
ငါ့နောက်ကပဲ လိုက်ခဲ့ပါလို့  ။
နဲနဲတော့ တစ်ကိုယ်ကောင်းဆန်မှာပေါ့
ငါလည်း ပုထုဇဉ်မို့ 
သည်းညည်းတော့ ခံနိုင်တယ်မလား
မခံနိုင်လဲ တစ်ကိုယ်ကောင်းကဆန်နေတက်လို့  ။
ထိန်းမရ သိမ်းမရတွေဖြစ်မှ အမေကယ်ပါ အဘကယ်ပါနဲ့ 
ကယ်ပါ တွေတောင် သူ့ လောက် ကယ်ပါမလုပ်နိုင်ဘူး
မောလည်းမောတယ်  ခွဲရမှာလောက်
အသက်ရှူကြပ်တာ မရှိဘူး ။
ငါဆက်ပြောရင် မကောင်းတက်လို့ 
ဒီလောက်နဲ့ ပဲ ရင်နာပါရစေ ။
                                                                             တနင်္ဂနွေ ဂီတ  
                                                                                                ( 25/1/2012 . 1:48 A.M )
Thursday, January 19, 2012
ဘေး မျဉ်း
ဘ၀မှာသင်ခန်းစာ ယူတက်တဲ့သူတွေကိုလေးစားရင်း နေတက်ထိုင်တက်အောင်နေတက်သွားတယ်
ဘ၀မှာဖြစ်ကတက်ဆန်း နေတက်တဲ့သူတွေကိုဆင်ခြင်ရင်း ကိုယ်တိုင်မဖြစ်တော့အောင်ပုံသွင်းတယ်
လုပ်နေတဲ့အရာတိုင်း ဘာကြောင့်လဲဆိုတာကို ပြန် ပြန်စဉ်းစားတက်လာတယ်
ပြောနေတဲ့စကားတိုင်း ဘာအတွက်လဲဆိုတာ ပြန်ချင့်ချိန်တက်လာတယ်
အချိန်အားရင် အားသလို စာအုပ်တွေလဲဖတ်တက်လာတယ်
အချိန်အားရင် အားသလို ရှင်ဆေကိန္တတရားခွေတွေလည်းနားထောင်တက်လာတယ်
သိပ်ကြိုက်ခဲ့တဲ့ ၀ါသနာတွေကိုမျက်ကွယ်ပြုပြီး အနာဂတ်အတွက်ဘေးမျဉ်း တားတက်လာတယ်
အရင်က အတန်းမတက်ပဲတနေကုန်ဖဲရိုက်ပေမဲ့ မနေ့ ကတော့ ပိုက်ဆံတွေချန်ထားတက်လာတယ်
အရင်က မပြောမဆိုခိုးခဲ့ဘူးတဲ့အမေ့ပိုက်ဆံအိတ်ကို သူပျောက်နေတဲ့ အခါဝိုင်းရှာပေးတက်လာတယ်
အရင်က မိုးလင်းမိုးချုပ်အိမ်ပြန်မအိပ်ခဲ့ပေမဲ့ ခုတလောအိမ်မှာပဲအချိန်ပေးပြီးနေတက်လာတယ်
အတိတ်ထဲက နာကျည်းစရာတွေကို အနာဂတ်အတွက် သင်ခန်းစာယူတက်လာတယ်
အတိတ်ထဲက ပျင်းရိမှုတွေကို အနာဂတ်အတွက် ၀ီရိယထားတက်လာတယ်
ကျန်နေသေးတဲ့ အချိန်တွေကို တန်ဖိုးရှိရှိနေထိုင်ချင်တယ်
ကျန်နေသေးတဲ့ နေ့ ရက်တွေကို အကျိုးရှိရှိအသုံးချချင်တယ်
ခုမဖြစ်သေးပေမဲ့ နောင်ဖြစ်အောင်လုပ်ချင်လာတယ်
ကျောနောက်ကတွန်းတွန်းနေတဲ့ အော်သံတွေ...အားပေးသံတွေ...ဆုံးမသံတွေ...မနာလိုသံတွေကို
ဆက်ပြီး ဥပေက္ခာမပြုနိုင်တော့သလို
ဘေးနှစ်ဘက်မှာအကာမရှိ ချောက်သာရှိတဲ့ လှချင်တိုင်းလှနေတဲ့လမ်းမကြီးပေါ် တန်းစီပြီးလျှောက်ရတာခြင်းအတူတူ
ပြုတ်အကျတော့ မခံချင်ဘူး
လမ်းခုလတ်မှာလည်း မပြတ်ကျန်ချင်ဘူး
လမ်းဆုံးအောင်လျှောက်တဲ့သူတွေ ပြုံးပြသလို ကိုယ်တိုင်လည်းအနောက်က ရင်ဘတ်တွေကိုပြူံးပြချင်တယ်
ပန်းတိုင်ကို ငါထိပ်ဆုံးမရောက်ပေမဲ့ ပန်းတိုင်ကိုရောက်သူတိုင်းလိုလက်မြှောက်ပြီး အောင်ပွဲခံချင်တယ်
့ပြင်ဆင်မှုပာာ အနာဂတ်အတွက်အကောင်းဆုံးဇာတ်သိမ်းခန်းပဲလို့  စာအုပ်တစ်အုပ်မှာဖတ်ခဲ့ဖူးတယ်
ဘေးမျဉ်း ကတော့ တားပြီး ပြီ ...
ုပြင်ဆင်မှူကိုစလုပ်ဖို့ အတွက် ဘယ်ကဘယ်လိုစပြင်ဆင်ရမလဲဆိုတာသိဖို့  တော်တော်ပြင်ဆင်ရအုံးမယ်
အော်. .....
အ...ဝေး...ကြီး...လို...နေ...သေး...တဲ့...ငါ  ........... ........... .............. 
                                                                    တနင်္ဂနွေ ဂီတ (20.1.2012 / 3:58 AM )
Monday, January 16, 2012
16.1.2012
ထွေထွေထူးထူး နေ့ တော့ မပာုတ်ခဲ့ပါဘူး ...
ဒီနေ့ ကို ငါပျော်တယ် ။
မနက်နိုးလို့ ဖုန်းဆက် ရန်ဖြစ်ခဲ့တာလဲ လူကြားမကောင်းပေမဲ့ ငါပျော်တယ် ။
သေချာမချိန်းဘဲ ငါ့ကျူရှင် လှေကားထိပ်လေးမှာ အကြာကြီးထိုင်စောင့်ပေးနေတာမြင်တော့ ငါပျော်တယ် ။
နင့်ကိုစိတ်ဆိုးနေလို့  မျက်နှာတင်းထားပေမဲ့လဲ ငါ့လက်ကိုလာလာစွဲဆုပ်ထားလို့  ငါပျော်တယ် ။
Donut ဆိုင်ထဲ ငါမပြောပဲ ထိုင်ခုံနေရာ
နင်ရွေးတက်တာကိုလည်း ငါပျော်တယ် ။
အမြင်ကတ်လို့  ခုံကိုခြေထောက်နဲ့ တွန်း ... မသောက်ရသေးတဲ့ ငါ့ကော်ဖီခွက်ကြီး ဗွမ်းကနဲမှောက်ကျသွားတာလည်း ငါပျော်တယ် ။
ငါအအေးငတ်မှာဆိုးလို့  မပြောမဆို နောက်တစ်ခွက်သွားယူပေးတာလည်း ငါပျော်တယ် ။
ငါ့ဖုန်းငါ ကလိနေတုန်း.. အလိုက်တသိနဲ့  wifi password ယူပေးတာလည်း ငါပျော်တယ် ။
Exchange ရုံးကပေးလိုက်တဲ့ အထုတ်အကြီးကြီးကို ပုခုံးပေါ်ထမ်းပြီး
ဆိုင်ကယ်ပေါ်မှာအထုတ်ကြီးထမ်း နင့်အိမ်နောက်ကို နင့်နောက်ကလိုက်ကတာလည်း ငါပျော်တယ် ။
လေအတိုးမှာ မျက်စိထဲဝင်ဝင်လာတဲ့ပိုးကောင်ပျံတွေကို ပွတ်ရင်း နေ၀င်နေတဲ့ဆည်းဆာအလှကိုကြည်မိလိုက်ရတာလည်း ငါပျော်တယ် ။
လမ်းကြမ်းလို့  ဆိုင်ကယ်ဘီးအဆောင့်မှာ ဖင်မြှောက်မြှောက်တက်သွားတာကိုလည်း ငါပျော်တယ် ။
လက်အံသေလို့ ခြေထောက်ကကျင် ... အိတ်ဇောပိုက်နဲ့ ခြေမျက်စိ ပူးတွဲကပ်လို့  အရေကြည်ဖုလေးထသွားတာလည်း ငါပျော်တယ် ။
အိမ်နောက်ဖေးဝင် ခြေထောက်ဝင်ဆေး လောလောလတ်လတ် ဒဏ်ရာလေးကို သွားတိုက်ဆေးလူးပေးမယ်လို့ နင်ပြောတော့  ငါပျော်တယ် ။
ခြေထောက်သုတ်ပြီး အိမ်ထဲဝင် နင့်အမေနဲ့  ပက်ပင်းမတိုးခဲ့လို့  ငါပျော်တယ် ။
ကော်ဖီထိုင်အသောက် ဆိုင်ကယ်ပြန်အရောက်မှာ စိတ်ပူတဲ့မျက်နှာလေးနဲ့ ကောင်းကောင်းပြန်လို နင်ပြောလိုက်တာကိုလည်း ငါပျော်တယ် ။
အပြန်ခရီး...ဆိုင်ကယ်အစီးမှာ ပိာုတွေးဒီတွေး ကြယ်လေးကြွယ်ပါစေလို့ 
ဆုတောင်းပြီး ကောင်းကင်မော့ကြည့် ရတာကိုလည်း ငါပျော်တယ် ။
သင်္ဘောပေါ်က ၁၀တန်ပေးထိုင်ရတဲ့ ခုံမှာ ဒူးချိတ်ပြီးထိုင်နေတုန်း ကောင်းကင်ကိုထက်အကြည့်  တကယ်ကြီး ကြယ်ကြွေကျသွားတာကို မြင်လိုက်ရလို့  ဆုတောင်းခဲ့တာလည်း ငါပျော်တယ် ။
ရန်ကုန်ဘက် ကမ်းပြန်ကပ်လို့  ဘောတံတားအစပ် အပေါက်ဝကဘယ်သူမှမဆင်းခင် ငါအရင်ခုန်ပြီး ပြေးဆင်းလိုက်ရတာလည်း ငါပျော်တယ် ။
လိုင်းကားပေါ်မှာ နားကြပ်ကြီးတပ် ဘယ်ဆော်မှလိုက်မငမ်းပဲ မိန့် မိန့် ကြီး အိပ်ငိုက်လာခဲ့တာလည်း ငါပျော်တယ် ။
မိုးလင်းကမိုးချုပ် အပြင်မှာလျှောက်လုပ် ... ခေါင်းလောင်းကြိုးဆွဲလိုက်တာနဲ့ မဆူမပူပဲ တံခါးလာဖွင့်ပေးတဲ့ အမေ့ကိုအမြင် အမောပြေခဲ့တာလည်း ငါပျော်တယ် ။
အဖေအိပ်တော့  ဖုန်းခိုးဆက်.... လိုင်းမကောင်းတဲ့အထဲ နင်နဲ့ ငါ မရမက အပြစ်ပြောရင်းဖုန်းကျသွားတာလည်း ငါပျော်တယ် ။
မီးပျက်လို့  အခန်းထဲမှောင်မှောင်မဲမဲထိုင်ရင်း ..လက်တော့ကိုဖွင့် ဒီနေ့ အကြောင်းပြန်စဉ်းစားပြီး မမြင်မစမ်း တစ်လုံးချင်း စာရိုက်နေရတာလည်း ငါပျော်တယ် ။
ထွေထွေထူးထူး နေ့ တော့ မပာုတ်ခဲ့ပါဘူး ...
ဒီနေ့ ကို ငါပျော်တယ် ။
                                                                              တနင်္ဂနွေ ဂီတ (17.1.2012) / 1:35 AM
Wednesday, January 11, 2012
Frame Of Art
                                                                                                တနင်္ဂနွေ ဂီတ ( 12 January 2012 )
Wednesday, January 4, 2012
မျှော်လင့်ချက်
ထိုစဉ်အချိန်က လောက၏ ဒေါင့်ချိုးတစ်နေရာမှာ ...
ကြယ်ကြွေချိန်ကို မြင်ယောင် မျှော်လင့်နေချိန်ဖြစ်ပါသည် ။
အပြာရောင် တလင်းလင်းလွင့်နေသော စကြာဝဋာမှာ ...
လူငယ်တစ်ယောက်၏
တိမ်တစ်ပွင့်အတွက် နေရာမရှိခဲ့ ။
ထိုစဉ်အချိန်မှာ ...
လူငယ်တစ်ယောက်သည်
လမ်းပေါ်မှာ လမ်းလျှောက်ရင်း
သူကိုယ်တိုင်ပျောက်ဆုံးခဲ့ ရ၏ ။
လမ်းကိုတွေ့ သည်
သူ လမ်းဆက်လျှောက်ခဲ့ရသည် ။
သူ ကံကြမ္မာက
ထိုသို့ ဖြင့်ပင်
သူ သတိရသောညများမှာ
နှင်းဆီပွင့်သောအိပ်မက်တို့ မက်၏ ။
နှင်းဆီသည် ကမ္ဘာပေါ်မှာမရှိသော
အရောင်တစ်မျိုးဖြင့်  ရဲရဲနီနေသည် ။
သူသည် ' အညတရ ' မပာုတ် ။
အညတရထက်ပင်
ပိုသိမ်ငယ်ရသူဖြစ်သည် ။
သူ့ အကြောင်းကို သူဘာမှမသိ။
သူ့ အကြောင်းကို ...
ဘယ်သူကမှလည်း ဘာမှမသိ ။
အချိန်တန် အရွယ်သင့်သောအခါ
မြင့်သောနှင်းဆီကို
သူလှမ်းမိ၏ ။
အများကသတ်မှတ်ထားသည်ထက်ပင်
ပို စိတ်မနှံ့ သော လူငယ်တစ်ဦးအဖြစ်
အများက ...
ထပ်မံသတ်မှတ်ကြ၏ ။
ထိုသို့ ဖြင့်
စွန့် ခွာသွားရမည့်  အချိန်တိုင်ခဲ့ပြီ ။
ထိုစဉ်အချိန်က ...
ထိုကောင်မလေးသည်
သင်္ဘောဆိပ်အတွင်းမှာ
သနပ်ခါးရနံ့  မွှေးမြရင်း
အနောက်လေစီးတသုန်သုန်မှာ လှပနေဆဲဖြစ်၏ ။
သူ့ ရှေ့ မှာ သင်္ဘောတစ်စီးသည်
ဥသြဆွဲသံကြီးကို အန်ထုတ်တော့မည် ။
နှင်းဆီပွင့်က
နှင်းဆီရွက်ကို ယိမ်းခါပြသလို
ကောင်မလေးက လိုက်ပါပို့ ဆောင်သူကို
လက်ဝှေ့ ယမ်းကာ နူတ်ဆက်၏ ။
သင်္ဘောသည် သူ့ ကိုယ်လုံးကြီးကို တံခါးဖွင့်ပေးသည် ။
ကောင်မလေးက
မြို့ ကလေးကို ကျောခိုင်းလျက် ... ။
ထိုစဉ်အချိန်မှာ
သနပ်ခါးရနံ့ ရှုမိသော နှာခေါင်းမှာ
အသက်ရှုကြပ်ပါတော့ သည် ။
လူငယ်သည် ကောင်းမလေး၏
သနပ်ခါးရှိရာကို နမ်း၏ ။
" ဖြန်း "
လက်ဝါးတစ်ဖက်မြောက် ကာ
ပါးတစ်ဖက် လည်ထွက်သွားသည် ။
နမ်းမိသော နှာခေါင်းသည်
မမြင်ရသော မီးတို့ ဖြင့်  အဆင့်ဆင့်တောက်လောင်ခဲ့သည် ။
ညနေပိုင်းရဲ့ အမွန်အမြတ်တွေ ပြာကျ ။
လူငယ် .... သနပ်ခါး အဆိပ်သင့်ခဲ့ ပြီ ။
သင်္ဘောကြီးကတော့ 
အရာရာကို ဥပေက္ခာထားနိုင်ဆဲ ။
လူငယ်တစ်ယောက်၏
တိမ်တစ်ပွင့်အတွက် နေရာမရှိခဲ့  ။
သူ့ ကံကြမ္မာက ထိုသို့ မြဲပင် ...
မြစ်ကမ်းနားကို သူသွား၏ ။
မြစ်တစ်စင်းမပာုတ်သည့် တိုင် ထိုရေစီးလို သူလိုက်မျောခဲ့သည် ။
သနပ်ခါး ပိုင်ရှင်ကို
သူမမေ့ နိုင် ။
သူ သတိရသော ခုလိုချိန်မျိုးမှာ
အတိတ်က သူ့ ဘ၀ကို အလျားလိုက်ဝါးမြိုသည် ။
သူ့ ရင်ခွင်သည် ...
မမြင်ရသောမီးတို့ ဖြင့်  အဆင့်ဆင့်တောက်လောင်သွားပြီ ။
သနပ်ခါးရနံ့ ကို သူမျှော်လင့်ဆဲ ။
သူ့ ရင်ခွင်သည်
ကမ္ဘာပေါ်မှာမရှိသော အရောင်တစ်မျိုးဖြင့်  ရဲရဲနီနေဆဲ ။
လေထဲမျောသွားသော သနပ်ခါးနံ့ ကို လေထဲမျှောရင်း သူလိုက်၏ ။
သင်္ဘောကြီးကတော့ အရာရာကို ဥပေက္ခာပြုထားဆဲ ။
မျှော်လင့်ချက်တွေပြာကျ ။
ညနေပိုင်းရဲ့  အမွန်အမြတ်တွေ ပြယ်လွင့်  ။
လူငယ် ... သနပ်ခါးအဆိပ် သင့်ခဲ့ ပြီ ။
သူသည် အညတရမပာုတ်
အညတရထက်ပင်
ပိုသိမ်ငယ်ရသူဖြစ်သည် ။
သူ့ အကြောင်းကို သူကိုယ်တိုင်ဘာမှ မသိ
ထို့ ကြောင့်  ...
ဘယ်သူကမှလည်း ဘာမှမသိ ။
သူ့ ကိုလိုက်ပါပို့ ဆောင်သူမရှိ ။
ထိုကြောင့် လက်ဝှေ့ ယမ်း နူတ်ဆက်ပြစရာမလို ။
သူ့ အတွက် မလို ။
ထိုသို့ ဖြင့်  ...
ထိုဖြစ်ရပ်ကို မသိသော သနပ်ခါးလိမ်းသူက ..
ထိုဖြစ်ရပ်ကို တစ်ဆင့်ပြန်သိမဲ့ အချိန်မှာ
သုံးနှစ်ကျော် ကွာပာနေပေလိမ့်မည် ။
အံ့ သြခြင်း ..ကြေကွဲခြင်း .. တို့ နှင့်အတူ
လမ်းပေါ်မှာ လမ်းလျှောက်ရင်း
သူကိုယ်တိုင်ပျောက်ဆုံးခဲ့ရ၏ ။
လမ်းကို တွေ့ သည် ။
သူ့  ကိုယ်သူ မတွေ့  ။
သူ လမ်းဆက်လျှောက်ခဲ့သည် ။
သနပ်ခါးရနံ့  ကို သူ ရသည် ။
သနပ်ခါးလိမ်းသူကို သူ မတွေ့ ။
ဝိညာဉ်တစ်ခုလို အနံ့ ရသည်
သူ မတွေ့ ။
သူ ငိုသည် ။
သူ ချောက်ခြားသည် ။
ကျန်ခဲ့သော သူမဆီမှ
ရနံ့ များ သူ့ နောက်ကို လိုက်လာ၏ .. ( ထိုသို့  သူထင်သည် ။ )
သူ့  ကိုဆက်သွယ်၏ ။ .. ( ထိုသို့  သူထင်သည် ။ )
သူ့ ကို ကလဲ့စားချေလိမ့်မည် ။ ..  ( ထိုသို့  သူထင်သည် ။ )
သူ့ ထံ မကြာမီရောက်လာတော့ မည် ။ ..  ( ထိုသို့  သူထင်သည် ။ )
ထိုသို့ ဖြင့်  ...
သူမ ကို ငါရင်ဆိုင်မှာပါ ..
နီးတော့နီးနေပြီထင်ပါရဲ့ 
ငါ့ကံကြမ္မာက ထိုသို့  ဖြင့်ပင် ..
သူ့ အကြောင်းကို သူဘာမှမသိ။
သူ့ အကြောင်းကို ...
ဘယ်သူကမှလည်း ဘာမှမသိ ။
                                                                            တနင်္ဂနွေ ဂီတ ( 5 / 1 / 2011 )
Tuesday, January 3, 2012
Schizophrenia
ပင်စည်တစ်ခုထဲက ကိုင်းကွဲထွက်သလိုမျိုးလဲမပာုတ်
ဆင်တူ မွေးဖွားခြင်းလဲမပာုတ်
အပိုင်းပိုင်း အပြတ်ပြတ် တစ်နေရာထဲ ဆက်နွယ်ထားလိုက်နဲ့ 
သုတေသီတွေတောင် ခေါင်းကုတ်နေဆဲ ။
စက်သွား တစ်ခုလို ပုံမှန်လည်ပတ်နေတယ်
စိတ္တဇလို့ ပြောဖို့ ကလဲ အခက်သား
နဂိုမွေးထဲက သူ့ ထိုက်နဲ့ သူ့ ကံ
လက်မတော့ ထောင်နိုင်တယ် ။
သူများထက်ပဲ နှိမ့် ကျတာလား
သူများထက်ပဲ အစွမ်းထက်တာလား
Monalisa ပန်းချီကားထဲက ပျောက်နေတဲ့မျက်ခုံးတစ်စုံကိုတော့ 
သူအရင် သတိထားမိလိုက်တယ် ။
ဝင်္ကပါကို သူများတွေပတ်နေတုန်း
တောင်ထိပ်ပေါ်ကနေ ခဲလုံးလေးတွေ အောက်ပစ်ချနေတယ်
ကုသမှုခံယူနေဆဲလူနာတစ်ယောက်က
Grand Canyon ချောက်နက်ကြီးထဲက Coffee ဘူးခွံ ကိုရော ဘယ်တော့ ပြန်ကောက်နိုင်မှာလဲ ။
ပြောမဲ့သာပြောတာ
အဲ့လို ဘ၀မျိုးရဖို့ အသေအလဲဆုတောင်းတယ်
သူများထက်လုပ်နိုင်စွမ်းက
( 1 : 6 ) ကိုး ...... ။
                                                                                             တနင်္ဂနွေ ဂီတ ( 3 Janauary 2012 )
Sunday, December 11, 2011
Genetic Error
သွေးပောာင်း နဲ့ သွေးသစ် အတက်အဆင်း ဖလှယ်ခြင်း
အိမ်မက်အပောာင်း ကို ရည်ရွယ်ချက်အသစ်နဲ့  အစားထိုးခြင်း
ပြောင်းလဲခြင်းတွေ ဆက်တိုက်ဖြစ်နေတဲ့ အာရုံထဲ
ဆဋမအာရုံ တစ်ချက်.... ၀င်းကနဲ ...လက်ကနဲ ....
ဒေါသတွေနဲ့ အပြိုင် ပြိုဆင်းလာတဲ့  မျက်နှာပြင်နှစ်ခု
ပူးတွဲမလိုလိုနဲ့  ဆန့် ကျင်ဘက်တွေချည်း ..။
အနီးကပ်ရှိလျက်နဲ့ ဘယ်တော့ မှမမြင်ခဲ့ ရတဲ့ အစိုင်အခဲ နှစ်ခု ..
ကြားထဲပိတ်ကာထားတဲ့ အရာသာ စေ့စပ်မှုမရှိခဲ့ ရင် ... ...
လွဲရချည်ရဲ့ ... ။
ဘာကြောင့်နဲ့ ဆက်ရှင်ရမည် မသိသေး
မျက်နှာပြင်နောက်ကျောဘက် တဖျင်းဖျင်းကုတ်ရင်း
အတွေးပေါင်း တစ်သောင်းနဲ့ ခြောက်ထောင် ... ။
စက်ဝိုင်းဗပိာုထဲက အလယ်မှတ် တစ်ခုလို
ဖြစ်နိုင်ချေ အစွန်းနှစ်ဖက်က 360ံ ...
ဘယ်လိုမှ မရှာနိုင် ။
လေးထောင့်ကွက်ထဲက ကန့် လန့်် မျဉ်းနှစ်ကြောင်းလို
ဖြစ်နိုင်ချေ စတုရန်းကွက်က 3 ခု (သို့ မပာုတ်) 4 ခု ...
ဘယ်လိုမှ မရေရာနိုင် ။ 
နာရီလက်တံ ပြောင်းပြန်လည်သလို
သံလိုက်အိမ်မြှောင် သစ္စာဖောက်သလို
အချိန်တွေလဲ တစ္တေခြောက်သလို
ရာသီတွေလဲ ကျီစားပြန်တယ် ... ။
သံပတ်နဲ့ သွားတဲ့ အရုပ်လို
မျက်လှည့် ပြပွဲက ခိုဖြူလို
ခိုင်းစေချက်အတိုင်း မလွဲမသွေ...
နောက်ဆုံးတော့  ပွဲပြီးမီးသေ
အညိုရောင် ပြာ တွေလဲ သူ့ နေရာသူယူကုန်ကြပြီ
ထိုင်ခုံတစ်ကွက်စာနေရာ ငါ့နေရာဘယ်မှာလဲ
အသစ်ကပြန်စရှာရအုံးမည် .. ။
                                                                            တနင်္ဂနွေ ဂီတ  ( 12.12.2011 / 6:21 AM )
Tuesday, December 6, 2011
Chaos Of Vacuum
ဘရာဇီး နိုင်ငံက လိပ်ပြာတစ်ကောင်ရဲ့ အတောင်တစ်ချက်ခတ်ခြင်းက
(အမေရိကန်) မက်ဆာချူးဆက်ပြည်နယ်မှာ တော်နာဒို လေမုန်တိုင်းကျစေ ခဲ့တယ် .. ။
ကျိန်စာလေလား. ... လေပာာနယ်လား ..
လေလှိုင်းနူန်း နဲ့ ဆွဲငင်ခြင်းအကြောင်းတွေ
လက်လှမ်းမမှီလောက်ပါဘူး ဖန်ပြန်အက်ကြောင်းထပ် သဘောတရားတွေ .. ။
ဖြစ်ပျက်မှုအတွက် ကပျက်ကချော်အကျိုးဆက်တွေထဲမှာ
အခြေခံကျတဲ့  (စနစ်တကျ ဖြစ်တည်မှု) ပာာ ပုန်းကွယ်နေဆဲ ..
နားမလည်သေးပါဘူး အလင်းပြန်မော်လီကျူးတွေ .. ။
ခရမ်းရောင်အမှေးပါးနဲ့  စွန့် စွန့် စားစား ထုတ်ပိုးထားတဲ့  ပြဒါးရည် ..
ခြောက်သွေ့ ခြင်းတရားက တရားသေလွတ်မြောက်သွားတဲ့  သစ်ရွက် (၂)ရွက် နဲ့ 
အိပ်စက်ခန္ဒာထဲ ပြန်ဝင်ခွင့်မရတဲ့  ၀ိညာဉ်ကြိုးတွေ .. ။
.. .. .. .. .. အားလုံးကတော့  လေပာာနယ်ထဲမှာ  .. .. .. .. ..                                                                                 တနင်္ဂနွေ ဂီတ (7.10.2011 / 5:30 AM)
Thursday, December 1, 2011
Dying Cell
သေဆုံးသွားတဲ့  မှတ်ညဏ်တချို့  နဲ့ 
သတိရ တစ်ချက် မရ တစ်ချက် ..
ကိုယ်ခံအားကောင်းလွန်းတယ်ထင်ပြီး
အနာဂတ်ကို မထိတထိ ရန်စ ဖြစ်နေတယ် .။
ခြောက်ကပ်နေတဲ့  နူတ်ခမ်းဖျားနဲ့ 
ဖန်ကွဲစကို ကိုက်ထားဆဲ
ရူးများသွား ပြီလား .။
ပဲ့ ကျိုးနေတဲ့  လှေတစ်စင်းလို
ပိာုယိမ်းလိုက် ဒီယိုင်လိုက်
ကမောက်ကမ နဲ့  ချိနဲ့ နဲ့  . ။
မျက်နှာပန်းသာရင် ပြန်မှတ်မိချင်ပါသေးတယ်
လမ်းကြောင်း ပြန်ပြောင်းဖို့ အတွက်
ကြိုးတော့ မပြတ်သေးပါဘူး ..။
                                                                                        တနင်္ဂနွေ ဂီတ (1.12.2011 )
ဒီဇင်ဘာကို စောင့်နေခဲ့ဖူးတယ်
ဒီဇင်ဘာကို စောင့်နေခဲ့ဖူးတယ်
တစ်ခါတစ်ခါလှည့်ပြန်လာတဲ့ ဒီဇင်ဘာကို ဝိုင်အနီတစ်ခွက်ထဲ ထည့်ငှဲ့ ရင်ခုန်ခဲ့ဖူးသလား
သိပ်မသေချာတော့ တဲ့ အိပ်မက်တွေနဲ့ ကိုယ့်ကိုယ်ကို ပြုံးမိတာတွေ များနေပြီ ..
နေဆီကို တည့်တည့် လျှောက်လှမ်းနေခဲ့ပြီးကာမှ ကိုယ့်ကိုယ်ကို နေကြာပန်းမှန်းသိလိုက်ရသူလို
အဝါကို နာကျင်စွာ ခါချနေချင်တတ်ခဲ့ ………….
အကြမ်းရေးခြစ်ထားပြီး အရောင်မထည့်ဖြစ်သေးတဲ့ ပန်းချီကားချပ်တွေလိုပဲ
နေ့ရက်တွေက အရောင်မစုံဘူး .. အဖြူ အမည်း ခပ်ကျဲကျဲ ကောက်ကြောင်းတွေနဲ့
နှစ်ပရိစ္ဆေတ ကြာလာတဲ့အခါ အဖြူကလည်း ရင့်အိုဝါရော်လာခဲ့ အနက်ကလည်း အုံ့ဆိုင်း မှိုင်းအို လာခဲ့
ဘာနဲ့မှ အသစ်ပြန်စလို့ မရတော့ဘူး ….
ဒီဇင်ဘာကို စောင့်နေခဲ့ဖူးတယ် …
မဖွင့်ပဲ ပွင့်ထွက်လာတဲ့ သက္ကရာဇ် အသစ်စက်စက်တွေ .. အလိုလို ဟောင်းအိုသွားတဲ့ ဒီဇင်ဘာတွေ..
 ခေါင်းလောင်းတွေ တအားမြည်နေတယ် ..
သိပ်မောလွန်းလို့ ခဏလောက်ဖြစ်ဖြစ် အသက်ရှူရပ်ထားလိုက်ပါရစေ …
ခေါင်းလောင်းသံတွေက ဝင်သက်ထွက်သက်နဲ့ ငြိငြိနေတယ် …
ဘယ်တော့ နှင်းကျမယ်မှန်းမသိ .. ဘယ်တော့ ပန်းပွင့်မယ်မှန်းမသိ …
ဘယ်တော့ ပင်လယ်ရေခမ်းမယ်မှန်းမသိ ဘယ်တော့မှ ငါ့ကိုမိမယ်မှန်းမသိ …
ဒီဇင်ဘာတွေကို စောင့်နေခဲ့ဖူးပြီး
ဒီဇင်ဘာတွေက ငါ့ကိုပြန်စောင့်နေခဲ့ကာမှ
ငါက ဒီဇင်ဘာတွေဆီ ပြန်ရောက်ဖြစ်တော့ဘူး ……….
                                                                                                        တနင်္ဂနွေ ဂီတ ( 1.12.2011 )