Powered By Blogger
Friday, February 17, 2012
ဈာပန
ခမ်းဆီးစကိုဆွဲဖွင့်လိုက်ပါ
တစ်ဆို့ နေတဲ့ ငိုရှိုက်သံတွေ
ခေါင်းအုံးအောက်က ဘုရားစာတွေ
အိမ်နောင်ဖေးက ငှက်ဆိုးထိုးသံတွေ
မအိပ်တဲ့နာရီစင်ထဲကို စီးဝင်ပျောက်သွားလို့  ။
ချွေးစီးမွန်းနစ် အိပ်မဖြစ်တဲ့ည
ခေါက်ရေက ရည်တွက်မရ
တအအ နဲ့ လည်ချောင်းထဲတစ်ဆို့ နေတဲ့ အနာဂတ်တွေ
ကြေးစည်သံ လည်းမကယ်နိုင်တော့ ။
အိမ်ရှေ့ လှေကားအဝ
မှန်ချပ်များကခြောက်လှန့်ပြ ငါ့ကိုငါလည်းရှောင်ခဲ့ရတယ်
နောက်ဆုံးညစာပာာ ဘယ်အနပ်မှန်းမသိ
လူမမာရဲ့အိပ်ကပ်ထဲက ထမင်းတနပ်စာတောင်
“မှောင်”လို့ ။
“ဟဲ့…အကန်း ..လမ်းကဒီမှာ ”  လို့  မီးထိုးပြတဲ့
သေမင်းနောက်ကို လတ်မှတ်လေး ကိုင်စောင့်
မျက်မှောင်ကုတ်ကုတ် ဒီရုပ်ကို သင်
မြင်ရင် မှတ်မိနိုင်စွမ်းမရှိပါ ။
ညလယ် လေအဝှေ့ 
ငါ့ဝိညဉ်ဖြတ်သွားချိန်
လမင်းမှိန်ဖျော့ပေးရတယ်
သမ္မာကျမ်းစာပေါ်က လင်းနို့တို့အော်ဟစ်သံ
နားထဲကို ထိစင်ပြန်လာရဲ့။
ယာယီရင်မခုန်တဲ့ နှလုံးသားပာာ
ပိန်ချုံးခြောက်ကပ်စွာ
ကပ်သုံးပါးမှာမျောနေတယ်။
“အမေကစိုးရိမ်တတ်တယ်”
ပိန်လိုက်တာနော်တဲ့
ည ည အိပ်မပျော်ဘူးအမေ
တံခါးခေါက်သံကြားကြားနေရတယ်
သမားကောင်းထံအပ်နှံပါရဲ့
မနက်ဖြန် မနက် ရေချိုးချင်သေးတယ်
ပေါင်ချိန်စက်ပေါ် တက်ရပ်ကြည့် တော့
၁၆ နှစ်သား အလေးချိန်နဲ့  မတိမ်းမယိမ်း
သွားကာနီးတောင် နဝေတိမ်တောင်
အကြွေးစာရင်း အရှုပ်အရှင်းစဉ်းစားနေလေရဲ့
လက်မောင်းသွေးကြောတွေကိုလည်း အားနာပါတယ်
အပ်ပေါက်ရာက ဇကာဖြစ်
မျက်တွင်းထောင့်ကပ် မျက်ရည်ငန်က
အမေ့ဈေးဖိုးအတွက် ပူပန်နေဆဲ
အံကြိတ်လိုက်တဲ့ ငါတယောက်ထဲရဲ့
ညည်းညူသံမှာ အလကားဒုက္ခခံချင်ရှာတယ်
အသက်ရှင်ခြင်းတရားကို ငါကိုယ်တိုင်သတ်မိလိမ့်မယ်
ဒီလိုနဲ့ ပဲ ...
နားထဲလည်း ဘာမှ မကြားတော့
မျက်လုံးထဲလည်း ဘာမှ မမြင်တော့
ဒီခန္ဓာခွာ ငါထွက်တော့မည်
မဆုံးသောလမ်း ငါလျှောက်တော့မည်
မျက်လုံးကိုမှိတ် အံကိုကြိတ်၍
အားလုံးကိုချော့  ငါလျော့ တော့မည်
ငါသေသွားသော် ငါ၏ခန္ဓာမသယ်ကြနှင့်
ငါသေသွားသော် ငါ၏အလောင်းမြေမချနှင့်
ငါသေသွားသော် ငါ၏သန္ဓေ ဂူမသွင်းနှင့်
ငါသေသွားသော် ငါ၏အရိုး ပြာမစုနှင့်
ငါသေသွားသော်
ငါ၏ကိုယ်ကို မှိုင်းငွေ့ တိုက်၍
လေထဲသို့ သာ လွှင့်ပါလေ ...
                                                                                                        တနင်္ဂနွေ ဂီတ
                                                                                                         (16/2/2012)
Monday, February 13, 2012
ကြီးကျယ်ခြင်း
ကမ္ဘာဦးအစ ဧဝကိုက်ခဲ့သော ပန်းသီးသည် ချိုမည်ထင်သလော
နယူတန်ခေါင်းပေါ် ပြုတ်ကျခဲ့သော ပန်းသီးသည် ကြီးမည်ထင်သလော
စတိဂျော့လက်ပေါ် မွေးလာသော ပန်းသီးသည် စားလို့ ရမည်ထင်သလော
ကျွန်န်ုပ် မငြင်းလို ။
စနိုးဝှိုက် စားနေသော ပန်းသီးကိုတော့ ကျွန်န်ုပ် မစားလိုပါ။
ထိုအသီးသည် အဆိပ်ရည် စိမ်ထားကြောင်း သိနေသောကြောင့် ဖြစ်၏။
တစ်ခါက ပာစ်တလာ၏ အမိန့် သည် လူပေါင်းများစွာ သေခဲ့ဖူးသည်
တစ်ခါက အိုင်းစတိုင်း၏ နူတ်ခမ်းမွှေးသည် မည်းနက်ခဲ့ဖူးသည်
ထိုအိုင်းစတိုင်း၏ အနုမြူဗုံး ပုံသေနည်းသာ ပာစ်တလာ၏ လက်ထဲရောက်ခဲ့လျှင်
မည်းနက်နေသော နူတ်ခမ်းမွှေးနှင့်လူများလည်း သေစေနိုင်သည် ။
ဂျူးလူမျိုးများခင်းပေးသော သွေးလမ်းပေါ်တွင် ကားမောင်းချင်သည်
သမုဒ္ဒရာထဲရှိ လိပ်များကို အာကာသသို့ လိုက်ပို့ ချင်သည်
ပယ်နယ်တီဘောလုံးကို ဒေးဗစ်ဘက်ခမ်းအား ကန်စေချင်သည်
မြေခွေးတို့လှမ်းမမီသည့် စပျစ်သီးနှင့် ချက်သော ဝိုင်ကိုသောက်ချင်သည်
နေထွက်လာမည့်  ညတညကို မြင်ဖူးချင်သည်
စကြဝဠာကို အမဲလိုက်ခဲ့သော ဘီးတပ်ကုလားထိုင်ပေါ်က မဟာပေါက်ကွဲမှု သီအိုရီကို ကျွန်တော် ကြိုက်၏။
ခပ်ညံ့ညံ့လူများ၏ မုန်းတီးမှုကို ကျွန်တော်ကြိုက်၏။ (ဆားနည်းနည်းတော့ ဖြူးရပါသည်။)
နွားတချို့ခံတွင်းမြိန်ရန်အတွက် မြက်များကို ချော့ကလက် ဆမ်းပေးရန် မလိုပါ။
ဆပ်ပြာပူဖောင်းကို ပုဆိန်ဖြင့် ပေါက်ရန် ကျွန်န်ုပ် အားမထုတ်
လူဆိုသည်မှာ ခြေထောက်နှင့်သာ လမ်းလျှောက်ရ၏။
အနုပညာရူးများကို ဒလသို့ ပို့လိုက်ပါ။
ထွေးခံအပေါက် တစ်လုံးကို ခေါင်းတွင်ဆောင်းကာ သရဖူဟု ကြွေးကြော်နေသူ အရူးအား
စာရေးဆရာဟု ဘာကြောင့် ခေါ်ကြသနည်း။
ဟို ကဗျာဆရာ၏ ဦးခေါင်းခွံကို အမှိုက်ခြင်း လုပ်ချင်ပါသည်။
အနုပညာအတု ထုတ်လုပ်ခြင်းသည် တင်အတု တပ်ဆင်ခြင်းထက် အပြစ်ကြီး၏။
မြန်မာပြည်၌ မထွက်သော အရာမှာ ယူရေနီယမ်နှင့် ကဗျာဆရာဖြစ်သည်။
ကျွန်န်ုပ်သည် အင်းဂလေ့ခ်ျလို အနည်းအကျဉ်း တတ်၏။
ပီကာဆိုသည် လုံးဝမတတ်။
စော်ကားပေါင်းများလို့  တက္ကသိုလ် ပထမနှစ် တစ်ဖုန်းဖုန်းကျဘူးသည်
ပန်းနုရောင်တောင် မသမ်းတဲ့ချစ်သူရဲ့ တံတွေးတစ်စက်ကိုလည်း လွမ်းသည်
မကျက်တကျက် ကြော်စားရန် ကြက်ဥတစ်လုံးကို ခွဲလိုက်သောအခါ အထဲမှ နဂါးတစ်ကောင် ထွက်လာလေသည်။
မနက်က မြူခိုးဆိုင်းသွားသည်
မနက်က ဓါတ်ဆီဈေး ၂၀၀ တက်သွားသည်
မနက်က မနက်စာ ငတ်သွားသည်
အရင်က တွတ်ပီကို အားကျသည်
အရင်က မိုက်ကယ်ဂျက်ဆင်ကို ဆဲဖူးသည်
အရင်က မိုနာလီဇာကို ကြိုက်ဖူးသည်
ဂန္တဝင် စာအုပ်စင်ထဲမှ ထွက်လာသော ပိုးဟပ်တစ်ကောင်၏ လေချဉ်တက်သံကို နားထောင်မနေကြပါနဲ့        
ဂျက်စတင်ဘီဘာ၏ အသံလား၊ ကက်ဆက် ခလုတ် ပိတ်လိုက်ပါ။ ယနေ့မေတ္ထာသုတ်ကျက်ရန် အလုပ်ရှိသည်။
ဘီသိုဘင် လဲသေပြီ
မိုးစက် လဲသေပြီ
ကတ်ကိုဘင်း လဲသေပြီ
ဒိုးလုံး လဲသေပြီ
မိဘမဲ့ဂေပာာတွင်လည်း လူကြပ်နေသည်
့ပြာခွက်မတွေ့ မီးချစ်မရှိ
သောက်ချင်စိတ် မရှိ
မနက်နိုးရင် ပန်းပင်ရေလောင်းချင်သည်
ပဲပြုတ်နဲ့  နံပြားရရင် စားချင်သည်
နတ်ကနား ပွဲများ မုန်းသည်
အာဒံ နှင့် နေရာချင်းလဲချင်သည်
ဘယ်ဘက်နံရိုးတစ်ခြမ်း အောင့်နေသည်
ဧဝ ကို အိုင်းစတိုင်းနှင့် ပေးစားလိုက်ပါ
စိန်စီသောည ထက် သာယာပေလိမ့်မည်
ရာဇ၀င်များကို ခဲဖျက်နှင့် ဖျက်ချင်သည်
................................
မသေသပ်
............
မလှ ပ
..........
အသုံးမ၀င်
.............
အဓိပ္ပာယ်မရှိ
.................
ကျွမ်းကျင်မှုမရှိ
...................
ခံစားမှုမရှိ
.............
အကြုံးမ၀င်
.............
...........
.......
....
..
.
တကယ်ပါ
ဂန္တဝင် စာအုပ်စင်ထဲမှ ထွက်လာသော ပိုးဟပ်တစ်ကောင်၏ လေချဉ်တက်သံကို နားထောင်မနေကြပါနဲ့   ။
                                                                                                                     တနင်္ဂနွေ ဂီတ
                                                                                                                     ( 14/2/2012 )
Wednesday, February 8, 2012
မတရား ပောာပွဲ
တရားပွဲ
လွတ်လပ်သည် ထင်သော ငှက်များကို လေပာာနယ်ကထိန်းချုပ်ထားပါသည်
ရွှင်မြူးသည် ထင်သော ငါးများကို ရေထုကထိန်းချုပ်ထားပါသည်
လူသားတို့ ကို အဘယ်က ထိန်းချုပ်ထားပါနည်း  ။
အတောင်ပံမပါသောပုခုံးများနှင့် ပါးပာပ်မပါသောနှာခေါင်းတို့ သည်
ုအသက်ရူခြင်းဝန်ထုပ်ကို မည်မျှကြာအောင်ထမ်းနိုင်မည်နည်း
မြေနီလမ်းတွင်ပျော်သော တာယာဖိနပ် နှင့်
ရှူးဖိနပ်ထဲတွင်ပျော်သောခြေအိတ် တို့ သည်
ကျရာတာဝန်ကျေပွန်ကျသည် ။
ကော်ဖီမကြိုက်သောသူ (နှင့်) သည်းခံခြင်းကို မကြိုက်သောသူ
မည်သူကအသက်ပိုရှည်မည်နည်း ။
သေမင်းကိုအရွဲ့တိုက်သူ (နှင့်) ဘုရားမရှိခိုးသောသူ
မည်သူက ငရဲပိုကျမည်နည်း ။
လုံခြူံမှုမရှိသော ထီးတစ်လက်သည် ခံတွင်းပျက်နေသော မိုးခါးရေများကို လှိုက်လှဲစွာကြိုဆိုကြသည် ။
ကိုရွှေဖားများသည် မီးစက်သံထက် ကျယ်လောင်သော မိုးချိန်းသံတို့ တွင် သာယာနာပျော်ကြသည် ။
လမ်းမီးတိုင်အောက်တွင် လဲနေသော အရက်ပုလင်းခွံသည် အာရုံဆွမ်းကြွသော သံဃာတော်များအတွက် ခလုတ်ကသင်းဖြစ်စေသည် ။
ကတ္တရာဒဏ် အလူးအလဲခံနေရသော ကားတာယာတို့ သည်  မြက်ခင်းစိမ်းများကို ချစ်ခင်ကြသည် ။
မတရားပွဲ
ပဲပြုတ်သည်ကို အဖော်လုပ်ပေးသော အုံးမောင်း တုံးခေါက်သံသည် သူမ၏စားဝတ်နေရေး ခေါင်းလောင်းကိုပါ စည်းချက်လိုက်နေသည် ။
ဆေးရုံကုတင်ပေါ်ရှိ လူနာအတွက် ပေါင်မုန့် တစ်ချပ် နို့ တစ်ခွက် က နတ်သုဒ္ဓာ ဖြစ်နိုင်သည် ။
ဆရာ/မ များထက် တက္ကသိုလ်ကျောင်းတွင်း ဈေးဆိုင်ဖွင့်သူများက ကျောင်းသူ/သား များကို ပိုမျှော်လင့်ကြသည် ။
ညနေစောင်းလျှင် ချောင်သော ဘတ်စ်ကားများကို နေ့ စားအလုပ်သမာများက တောင့်တကြသည် ။
စည်းရှိကမ်းရှိနှင့် အမှိုက်များကို အမှိုက်ပုံးထဲတွင်သာပြစ်ရန် အမှိုက်လှည်းဝန်ထမ်းများက လိုလားကြသည်
ညနေ 3 နာရီ မူကြိုကျောင်းဆင်းချိန်ကို ကလေးမိဘများထက် ရေခဲချောင်းရောင်းသူများက ပိုမျှော်ကိုးကြသည် ။
အရက်ဆိုင်များတွင် လူပြည့် ကြပ်နေပြီး ဘုန်းကြီးကျောင်းများတွင် ဝေရာဝစ္စလုပ်ပေးမည့် သူ ရှားပါးနေဆဲ
မော်ဒန်မများကို စပွန်ဆာပေးကြမည့် လူ များနေပြီး ကျောင်းဆက်တက်ရန်အခက်အခဲရှိသူ ကလေးများကို ထောက်ပံ့မည့် သူ ရှားပါးနေဆဲပင်
ကောင်းသောစိတ်ဖြင့် လည်ပတ်နေသော နှလုံးခုန်သံတို့ ကို အကုသိုလ် အင်ဂျင်သံများက ဖုံးလွှမ်းနေကြသည် ။
နေရာ အလွဲအချော်များအတွက် တည့် မတ်ပေးနိုင်သော တက်ကျွမ်းသည့်  ပုဂ္ဂိုလ်များကိုလည်း ဆက်လက်ရှာဖွေနေဆဲ
ငါးတို့ သည် တောင်ထိပ်ရောက်နေကြသည် ။
သိန်းငှက်တို့ သည် ငါးဖမ်းပိုက်ကွန်တွင် ငြိနေကြသည် ။
အဆင်ပြေအောင် ဘက်လှည့် ပေးမည့် သူမရှိ
မျှော်လင့်သူကိုယ်တိုင်ပင် တောင်ထိပ် ( သို့  ) ငါးဖမ်းပိုက်ကွန် တစ်နေရာရာတွင် လူမမြင်သူမမြင် ရှိနေလိမ့်မည်
အမူးပြေအောင် သံပရာရည်ဖျော်သောက် မည့် အစား အမူးလွန်ပြီး အိပ်ပျော်အောင် မိုင်ကုန်ကစ်မည့် သူများ က မနည်းမနော ။
အစက်အပြောက်မှသည် အစွန်းအထင်းသို့  မသိမသာ တစ်မျိုး သိသိသာသာ တစ်မျိုး ကူးပြောင်းသွားလေတော့ သည် ။
“သင့်လက်ထဲတွင် သံပရာသီးတစ်လုံး ရှိနေသည်ဆိုလျှင် သံပရာရည်တစ်ခွက် ဖြစ်အောင်လုပ်လိုက်ပါ”
ကျွန်တော်တို့ အမှန်နေထိုင်ခဲ့ပါသလား။
အမှန်သည် ကျွန်တော်တို့နှင့် နေထိုင်ခဲ့ပါသလား။
နေထိုင်ခဲ့သော ကျွန်တော်တို့သည် အမှန်ပါလား။
လောကဆိုတာ ကျေးဇူးတင်စရာများတဲ့အရပ်ပါ။
ခွင့်လွှတ်ပါ အချစ်ရယ်။ အဲသလိုနဲ့ကိုယ်ဟာ...မတရားပောာတဲ့ဆရာ ဖြစ်ခဲ့ပါတယ်။
                                                                                                                     တနင်္ဂနွေ ဂီတ
                                                                                                            ( 9/2/2012 - Thursday 1:17 am )
Sunday, February 5, 2012
ပြုံးထားပါ့မယ်
လူတွေအတွက်ပါ
သိမှုခံစားမှုတွေများလာတဲ့အခါ
ကိုယ့်ကိုကိုယ်ပြန်ကြည့်လှည့်ပါ
အပောာင်းတွေပျောက်သွားတာတွေ့ ရတယ် ။
တရားသဘောကိုရှာဖို့ 
မတရားရုန်းနေရတဲ့စက်ဝိုင်းထဲ လမ်းစပျောက်နေတယ်
ရှာတွေ့ သွားသူတွေကလည်း နည်းနည်းရယ်
အင်အားကြီးမှ လွတ်မြောက်နိုင်မယ်ဆိုတဲ့ ၀ါဒီဖန်တီးသူ
သူကိုယ်တိုင်ပေးဆပ်ခဲ့ရတာက အသွေးနဲ့ အသားနဲ့  ။
လူတွေကအချိန်ကိုစားတဲ့ခေတ်ကနေ
အချိန်ကလူတွေကိုပြန်စားမဲ့ခေတ်
သိပ်မလိုတော့ပါဘူး ။
သတ္တိကောင်းတဲ့သူတွေကလည်း အနာဂတ်ကို သွေးတိုးစမ်းနေတုန်း
ကြုံတဲ့ သံသရာမှာဖြစ်သလိုဖန်တီးတဲ့ ပေါ့ပျက်ပျက် အရသာက
အတ္တတွေခေါ်ရာနောက် ကောက်ကောက်ပါအောင်လိုက်သွားကြ
ဘယ်သူမှ သိပ်မစိုးရိမ်ကြတော့ပါဘူး ။
အဆိပ်ငွေ့ တွေလွှမ်းနေတဲ့ ကောင်းကင်ကြီးလည်း ငယ်ငယ်ကလိုမလှတော့ဘူး
အပြာရောင်သန်းနေတဲ့ ပင်လယ်ကြီးလည်း ငယ်ငယ်ကလိုမလှတော့ဘူး
ကောက်ကွေးနေတဲ့စိတ်ဓာတ်တွေလည်း ငယ်ငယ်ကလို မဖြောင့်တော့ဘူး
ပာန်ဆောင်မျက်နှာဖုံးတွေတပ်ထားတဲ့သူတွေကြား
အပြုံးမဲ့ပင်ကိုယ်မျက်နှာက ငါ့အတွက်ကျက်သရေပိုရှိပါတယ်
သကြားကပ်နူတ်ခမ်းပါးတွေကြားလည်းမပျော်တော့
တကယ် အချိန်နည်းနေလို့ ပါ ။
ငါ့ဆီလာမဲ့ ထိုးနှက်ခြင်းတွေနေကောင်းပါစေ
ပြုံးထားပါ့မယ် ။
                                                                         တနင်္ဂနွေ ဂီတ ( 5/2/2012 - sunday )