Powered By Blogger

Tuesday, December 6, 2011

Chaos Of Vacuum

ဘရာဇီး နိုင်ငံက လိပ်ပြာတစ်ကောင်ရဲ့ အတောင်တစ်ချက်ခတ်ခြင်းက
(အမေရိကန်) မက်ဆာချူးဆက်ပြည်နယ်မှာ တော်နာဒို လေမုန်တိုင်းကျစေ ခဲ့တယ် .. ။

ကျိန်စာလေလား. ... လေပာာနယ်လား ..
လေလှိုင်းနူန်း နဲ့ ဆွဲငင်ခြင်းအကြောင်းတွေ
လက်လှမ်းမမှီလောက်ပါဘူး ဖန်ပြန်အက်ကြောင်းထပ် သဘောတရားတွေ .. ။

ဖြစ်ပျက်မှုအတွက် ကပျက်ကချော်အကျိုးဆက်တွေထဲမှာ
အခြေခံကျတဲ့  (စနစ်တကျ ဖြစ်တည်မှု) ပာာ ပုန်းကွယ်နေဆဲ ..
နားမလည်သေးပါဘူး အလင်းပြန်မော်လီကျူးတွေ .. ။

ခရမ်းရောင်အမှေးပါးနဲ့  စွန့် စွန့် စားစား ထုတ်ပိုးထားတဲ့  ပြဒါးရည် ..
ခြောက်သွေ့ ခြင်းတရားက တရားသေလွတ်မြောက်သွားတဲ့  သစ်ရွက် (၂)ရွက် နဲ့ 
အိပ်စက်ခန္ဒာထဲ ပြန်ဝင်ခွင့်မရတဲ့  ၀ိညာဉ်ကြိုးတွေ .. ။

.. .. .. .. .. အားလုံးကတော့  လေပာာနယ်ထဲမှာ  .. .. .. .. ..                                                                                 တနင်္ဂနွေ ဂီတ (7.10.2011 / 5:30 AM)

No comments:

Post a Comment