Powered By Blogger
Wednesday, January 4, 2012
မျှော်လင့်ချက်
ထိုစဉ်အချိန်က လောက၏ ဒေါင့်ချိုးတစ်နေရာမှာ ...
ကြယ်ကြွေချိန်ကို မြင်ယောင် မျှော်လင့်နေချိန်ဖြစ်ပါသည် ။
အပြာရောင် တလင်းလင်းလွင့်နေသော စကြာဝဋာမှာ ...
လူငယ်တစ်ယောက်၏
တိမ်တစ်ပွင့်အတွက် နေရာမရှိခဲ့ ။
ထိုစဉ်အချိန်မှာ ...
လူငယ်တစ်ယောက်သည်
လမ်းပေါ်မှာ လမ်းလျှောက်ရင်း
သူကိုယ်တိုင်ပျောက်ဆုံးခဲ့ ရ၏ ။
လမ်းကိုတွေ့ သည်
သူ လမ်းဆက်လျှောက်ခဲ့ရသည် ။
သူ ကံကြမ္မာက
ထိုသို့ ဖြင့်ပင်
သူ သတိရသောညများမှာ
နှင်းဆီပွင့်သောအိပ်မက်တို့ မက်၏ ။
နှင်းဆီသည် ကမ္ဘာပေါ်မှာမရှိသော
အရောင်တစ်မျိုးဖြင့်  ရဲရဲနီနေသည် ။
သူသည် ' အညတရ ' မပာုတ် ။
အညတရထက်ပင်
ပိုသိမ်ငယ်ရသူဖြစ်သည် ။
သူ့ အကြောင်းကို သူဘာမှမသိ။
သူ့ အကြောင်းကို ...
ဘယ်သူကမှလည်း ဘာမှမသိ ။
အချိန်တန် အရွယ်သင့်သောအခါ
မြင့်သောနှင်းဆီကို
သူလှမ်းမိ၏ ။
အများကသတ်မှတ်ထားသည်ထက်ပင်
ပို စိတ်မနှံ့ သော လူငယ်တစ်ဦးအဖြစ်
အများက ...
ထပ်မံသတ်မှတ်ကြ၏ ။
ထိုသို့ ဖြင့်
စွန့် ခွာသွားရမည့်  အချိန်တိုင်ခဲ့ပြီ ။
ထိုစဉ်အချိန်က ...
ထိုကောင်မလေးသည်
သင်္ဘောဆိပ်အတွင်းမှာ
သနပ်ခါးရနံ့  မွှေးမြရင်း
အနောက်လေစီးတသုန်သုန်မှာ လှပနေဆဲဖြစ်၏ ။
သူ့ ရှေ့ မှာ သင်္ဘောတစ်စီးသည်
ဥသြဆွဲသံကြီးကို အန်ထုတ်တော့မည် ။
နှင်းဆီပွင့်က
နှင်းဆီရွက်ကို ယိမ်းခါပြသလို
ကောင်မလေးက လိုက်ပါပို့ ဆောင်သူကို
လက်ဝှေ့ ယမ်းကာ နူတ်ဆက်၏ ။
သင်္ဘောသည် သူ့ ကိုယ်လုံးကြီးကို တံခါးဖွင့်ပေးသည် ။
ကောင်မလေးက
မြို့ ကလေးကို ကျောခိုင်းလျက် ... ။
ထိုစဉ်အချိန်မှာ
သနပ်ခါးရနံ့ ရှုမိသော နှာခေါင်းမှာ
အသက်ရှုကြပ်ပါတော့ သည် ။
လူငယ်သည် ကောင်းမလေး၏
သနပ်ခါးရှိရာကို နမ်း၏ ။
" ဖြန်း "
လက်ဝါးတစ်ဖက်မြောက် ကာ
ပါးတစ်ဖက် လည်ထွက်သွားသည် ။
နမ်းမိသော နှာခေါင်းသည်
မမြင်ရသော မီးတို့ ဖြင့်  အဆင့်ဆင့်တောက်လောင်ခဲ့သည် ။
ညနေပိုင်းရဲ့ အမွန်အမြတ်တွေ ပြာကျ ။
လူငယ် .... သနပ်ခါး အဆိပ်သင့်ခဲ့ ပြီ ။
သင်္ဘောကြီးကတော့ 
အရာရာကို ဥပေက္ခာထားနိုင်ဆဲ ။
လူငယ်တစ်ယောက်၏
တိမ်တစ်ပွင့်အတွက် နေရာမရှိခဲ့  ။
သူ့ ကံကြမ္မာက ထိုသို့ မြဲပင် ...
မြစ်ကမ်းနားကို သူသွား၏ ။
မြစ်တစ်စင်းမပာုတ်သည့် တိုင် ထိုရေစီးလို သူလိုက်မျောခဲ့သည် ။
သနပ်ခါး ပိုင်ရှင်ကို
သူမမေ့ နိုင် ။
သူ သတိရသော ခုလိုချိန်မျိုးမှာ
အတိတ်က သူ့ ဘ၀ကို အလျားလိုက်ဝါးမြိုသည် ။
သူ့ ရင်ခွင်သည် ...
မမြင်ရသောမီးတို့ ဖြင့်  အဆင့်ဆင့်တောက်လောင်သွားပြီ ။
သနပ်ခါးရနံ့ ကို သူမျှော်လင့်ဆဲ ။
သူ့ ရင်ခွင်သည်
ကမ္ဘာပေါ်မှာမရှိသော အရောင်တစ်မျိုးဖြင့်  ရဲရဲနီနေဆဲ ။
လေထဲမျောသွားသော သနပ်ခါးနံ့ ကို လေထဲမျှောရင်း သူလိုက်၏ ။
သင်္ဘောကြီးကတော့ အရာရာကို ဥပေက္ခာပြုထားဆဲ ။
မျှော်လင့်ချက်တွေပြာကျ ။
ညနေပိုင်းရဲ့  အမွန်အမြတ်တွေ ပြယ်လွင့်  ။
လူငယ် ... သနပ်ခါးအဆိပ် သင့်ခဲ့ ပြီ ။
သူသည် အညတရမပာုတ်
အညတရထက်ပင်
ပိုသိမ်ငယ်ရသူဖြစ်သည် ။
သူ့ အကြောင်းကို သူကိုယ်တိုင်ဘာမှ မသိ
ထို့ ကြောင့်  ...
ဘယ်သူကမှလည်း ဘာမှမသိ ။
သူ့ ကိုလိုက်ပါပို့ ဆောင်သူမရှိ ။
ထိုကြောင့် လက်ဝှေ့ ယမ်း နူတ်ဆက်ပြစရာမလို ။
သူ့ အတွက် မလို ။
ထိုသို့ ဖြင့်  ...
ထိုဖြစ်ရပ်ကို မသိသော သနပ်ခါးလိမ်းသူက ..
ထိုဖြစ်ရပ်ကို တစ်ဆင့်ပြန်သိမဲ့ အချိန်မှာ
သုံးနှစ်ကျော် ကွာပာနေပေလိမ့်မည် ။
အံ့ သြခြင်း ..ကြေကွဲခြင်း .. တို့ နှင့်အတူ
လမ်းပေါ်မှာ လမ်းလျှောက်ရင်း
သူကိုယ်တိုင်ပျောက်ဆုံးခဲ့ရ၏ ။
လမ်းကို တွေ့ သည် ။
သူ့  ကိုယ်သူ မတွေ့  ။
သူ လမ်းဆက်လျှောက်ခဲ့သည် ။
သနပ်ခါးရနံ့  ကို သူ ရသည် ။
သနပ်ခါးလိမ်းသူကို သူ မတွေ့ ။
ဝိညာဉ်တစ်ခုလို အနံ့ ရသည်
သူ မတွေ့ ။
သူ ငိုသည် ။
သူ ချောက်ခြားသည် ။
ကျန်ခဲ့သော သူမဆီမှ
ရနံ့ များ သူ့ နောက်ကို လိုက်လာ၏ .. ( ထိုသို့  သူထင်သည် ။ )
သူ့  ကိုဆက်သွယ်၏ ။ .. ( ထိုသို့  သူထင်သည် ။ )
သူ့ ကို ကလဲ့စားချေလိမ့်မည် ။ ..  ( ထိုသို့  သူထင်သည် ။ )
သူ့ ထံ မကြာမီရောက်လာတော့ မည် ။ ..  ( ထိုသို့  သူထင်သည် ။ )
ထိုသို့ ဖြင့်  ...
သူမ ကို ငါရင်ဆိုင်မှာပါ ..
နီးတော့နီးနေပြီထင်ပါရဲ့ 
ငါ့ကံကြမ္မာက ထိုသို့  ဖြင့်ပင် ..
သူ့ အကြောင်းကို သူဘာမှမသိ။
သူ့ အကြောင်းကို ...
ဘယ်သူကမှလည်း ဘာမှမသိ ။
                                                                            တနင်္ဂနွေ ဂီတ ( 5 / 1 / 2011 )
No comments:
Post a Comment