Powered By Blogger
Tuesday, January 24, 2012
လော လော ဆယ်
ဖြစ်လိုက်ရင်လည်း ဖြစ်ကတက်ဆန်းကြီးပဲ
ဘယ်သူတွေ ဘာတွေကြိုက်နေလည်း ကိုယ်လည်းမသိ
သည်းခြေကြိုက်တွေကို အချိန်ကိုက်ချကျွေးတက်တဲ့လူစားမျိုးလဲမပာုတ်
ကိုယ်မှန်ရင် တဇောက်ကန်းက တစ်ပြားမှ မလျှော့  ။
ပြင်တော့ ပြင်ပါတယ် .. ပြန်ပြန်ပျက်သွားလို့  လိုက်လိုက်ဆယ်ရတာလည်း အမောပဲ
ဖြစ်ချင်ရာဖြစ်ဆိုပြီး လွှတ်ထားလို့ ကလည်း မဖြစ်
ဘ၀ ကပျက်မှာလေ ။
အချိန်တွေကိုလည်း အားနာပါတယ်
ဒင်းတို့ ကလည်း (လုံးဝ) ကိုစောင့်တာမပာုတ်
လိုက်ချင်လိုက် မလိုက်ချင်နေပဲ
ဘယ်ထူးမလဲ လိုက်ရတော့ တာပေါ့ ။
နည်းနည်းတော့  နောက်ကျနေပြီ
မျက်နှာပြောင်တိုက်ပြီး ရယ်ရမှာပဲ
ကိုယ့်အမှားမှ မပာုတ်တာ
သူများအမှားလည်း မပာုတ်ပါဘူး ။
အပြစ်မရှိ အပြစ်ရှာတယ်လို့  အပြောကခံရသေး
ငါမပာုတ်သလိုလို ခပ်တည်တည်နေတက်တဲ့ငါကလေ
ငါ့နောက်ကပဲ လိုက်ခဲ့ပါလို့  ။
နဲနဲတော့ တစ်ကိုယ်ကောင်းဆန်မှာပေါ့
ငါလည်း ပုထုဇဉ်မို့ 
သည်းညည်းတော့ ခံနိုင်တယ်မလား
မခံနိုင်လဲ တစ်ကိုယ်ကောင်းကဆန်နေတက်လို့  ။
ထိန်းမရ သိမ်းမရတွေဖြစ်မှ အမေကယ်ပါ အဘကယ်ပါနဲ့ 
ကယ်ပါ တွေတောင် သူ့ လောက် ကယ်ပါမလုပ်နိုင်ဘူး
မောလည်းမောတယ်  ခွဲရမှာလောက်
အသက်ရှူကြပ်တာ မရှိဘူး ။
ငါဆက်ပြောရင် မကောင်းတက်လို့ 
ဒီလောက်နဲ့ ပဲ ရင်နာပါရစေ ။
                                                                             တနင်္ဂနွေ ဂီတ  
                                                                                                ( 25/1/2012 . 1:48 A.M )
Thursday, January 19, 2012
ဘေး မျဉ်း
ဘ၀မှာသင်ခန်းစာ ယူတက်တဲ့သူတွေကိုလေးစားရင်း နေတက်ထိုင်တက်အောင်နေတက်သွားတယ်
ဘ၀မှာဖြစ်ကတက်ဆန်း နေတက်တဲ့သူတွေကိုဆင်ခြင်ရင်း ကိုယ်တိုင်မဖြစ်တော့အောင်ပုံသွင်းတယ်
လုပ်နေတဲ့အရာတိုင်း ဘာကြောင့်လဲဆိုတာကို ပြန် ပြန်စဉ်းစားတက်လာတယ်
ပြောနေတဲ့စကားတိုင်း ဘာအတွက်လဲဆိုတာ ပြန်ချင့်ချိန်တက်လာတယ်
အချိန်အားရင် အားသလို စာအုပ်တွေလဲဖတ်တက်လာတယ်
အချိန်အားရင် အားသလို ရှင်ဆေကိန္တတရားခွေတွေလည်းနားထောင်တက်လာတယ်
သိပ်ကြိုက်ခဲ့တဲ့ ၀ါသနာတွေကိုမျက်ကွယ်ပြုပြီး အနာဂတ်အတွက်ဘေးမျဉ်း တားတက်လာတယ်
အရင်က အတန်းမတက်ပဲတနေကုန်ဖဲရိုက်ပေမဲ့ မနေ့ ကတော့ ပိုက်ဆံတွေချန်ထားတက်လာတယ်
အရင်က မပြောမဆိုခိုးခဲ့ဘူးတဲ့အမေ့ပိုက်ဆံအိတ်ကို သူပျောက်နေတဲ့ အခါဝိုင်းရှာပေးတက်လာတယ်
အရင်က မိုးလင်းမိုးချုပ်အိမ်ပြန်မအိပ်ခဲ့ပေမဲ့ ခုတလောအိမ်မှာပဲအချိန်ပေးပြီးနေတက်လာတယ်
အတိတ်ထဲက နာကျည်းစရာတွေကို အနာဂတ်အတွက် သင်ခန်းစာယူတက်လာတယ်
အတိတ်ထဲက ပျင်းရိမှုတွေကို အနာဂတ်အတွက် ၀ီရိယထားတက်လာတယ်
ကျန်နေသေးတဲ့ အချိန်တွေကို တန်ဖိုးရှိရှိနေထိုင်ချင်တယ်
ကျန်နေသေးတဲ့ နေ့ ရက်တွေကို အကျိုးရှိရှိအသုံးချချင်တယ်
ခုမဖြစ်သေးပေမဲ့ နောင်ဖြစ်အောင်လုပ်ချင်လာတယ်
ကျောနောက်ကတွန်းတွန်းနေတဲ့ အော်သံတွေ...အားပေးသံတွေ...ဆုံးမသံတွေ...မနာလိုသံတွေကို
ဆက်ပြီး ဥပေက္ခာမပြုနိုင်တော့သလို
ဘေးနှစ်ဘက်မှာအကာမရှိ ချောက်သာရှိတဲ့ လှချင်တိုင်းလှနေတဲ့လမ်းမကြီးပေါ် တန်းစီပြီးလျှောက်ရတာခြင်းအတူတူ
ပြုတ်အကျတော့ မခံချင်ဘူး
လမ်းခုလတ်မှာလည်း မပြတ်ကျန်ချင်ဘူး
လမ်းဆုံးအောင်လျှောက်တဲ့သူတွေ ပြုံးပြသလို ကိုယ်တိုင်လည်းအနောက်က ရင်ဘတ်တွေကိုပြူံးပြချင်တယ်
ပန်းတိုင်ကို ငါထိပ်ဆုံးမရောက်ပေမဲ့ ပန်းတိုင်ကိုရောက်သူတိုင်းလိုလက်မြှောက်ပြီး အောင်ပွဲခံချင်တယ်
့ပြင်ဆင်မှုပာာ အနာဂတ်အတွက်အကောင်းဆုံးဇာတ်သိမ်းခန်းပဲလို့  စာအုပ်တစ်အုပ်မှာဖတ်ခဲ့ဖူးတယ်
ဘေးမျဉ်း ကတော့ တားပြီး ပြီ ...
ုပြင်ဆင်မှူကိုစလုပ်ဖို့ အတွက် ဘယ်ကဘယ်လိုစပြင်ဆင်ရမလဲဆိုတာသိဖို့  တော်တော်ပြင်ဆင်ရအုံးမယ်
အော်. .....
အ...ဝေး...ကြီး...လို...နေ...သေး...တဲ့...ငါ  ........... ........... .............. 
                                                                    တနင်္ဂနွေ ဂီတ (20.1.2012 / 3:58 AM )
Monday, January 16, 2012
16.1.2012
ထွေထွေထူးထူး နေ့ တော့ မပာုတ်ခဲ့ပါဘူး ...
ဒီနေ့ ကို ငါပျော်တယ် ။
မနက်နိုးလို့ ဖုန်းဆက် ရန်ဖြစ်ခဲ့တာလဲ လူကြားမကောင်းပေမဲ့ ငါပျော်တယ် ။
သေချာမချိန်းဘဲ ငါ့ကျူရှင် လှေကားထိပ်လေးမှာ အကြာကြီးထိုင်စောင့်ပေးနေတာမြင်တော့ ငါပျော်တယ် ။
နင့်ကိုစိတ်ဆိုးနေလို့  မျက်နှာတင်းထားပေမဲ့လဲ ငါ့လက်ကိုလာလာစွဲဆုပ်ထားလို့  ငါပျော်တယ် ။
Donut ဆိုင်ထဲ ငါမပြောပဲ ထိုင်ခုံနေရာ
နင်ရွေးတက်တာကိုလည်း ငါပျော်တယ် ။
အမြင်ကတ်လို့  ခုံကိုခြေထောက်နဲ့ တွန်း ... မသောက်ရသေးတဲ့ ငါ့ကော်ဖီခွက်ကြီး ဗွမ်းကနဲမှောက်ကျသွားတာလည်း ငါပျော်တယ် ။
ငါအအေးငတ်မှာဆိုးလို့  မပြောမဆို နောက်တစ်ခွက်သွားယူပေးတာလည်း ငါပျော်တယ် ။
ငါ့ဖုန်းငါ ကလိနေတုန်း.. အလိုက်တသိနဲ့  wifi password ယူပေးတာလည်း ငါပျော်တယ် ။
Exchange ရုံးကပေးလိုက်တဲ့ အထုတ်အကြီးကြီးကို ပုခုံးပေါ်ထမ်းပြီး
ဆိုင်ကယ်ပေါ်မှာအထုတ်ကြီးထမ်း နင့်အိမ်နောက်ကို နင့်နောက်ကလိုက်ကတာလည်း ငါပျော်တယ် ။
လေအတိုးမှာ မျက်စိထဲဝင်ဝင်လာတဲ့ပိုးကောင်ပျံတွေကို ပွတ်ရင်း နေ၀င်နေတဲ့ဆည်းဆာအလှကိုကြည်မိလိုက်ရတာလည်း ငါပျော်တယ် ။
လမ်းကြမ်းလို့  ဆိုင်ကယ်ဘီးအဆောင့်မှာ ဖင်မြှောက်မြှောက်တက်သွားတာကိုလည်း ငါပျော်တယ် ။
လက်အံသေလို့ ခြေထောက်ကကျင် ... အိတ်ဇောပိုက်နဲ့ ခြေမျက်စိ ပူးတွဲကပ်လို့  အရေကြည်ဖုလေးထသွားတာလည်း ငါပျော်တယ် ။
အိမ်နောက်ဖေးဝင် ခြေထောက်ဝင်ဆေး လောလောလတ်လတ် ဒဏ်ရာလေးကို သွားတိုက်ဆေးလူးပေးမယ်လို့ နင်ပြောတော့  ငါပျော်တယ် ။
ခြေထောက်သုတ်ပြီး အိမ်ထဲဝင် နင့်အမေနဲ့  ပက်ပင်းမတိုးခဲ့လို့  ငါပျော်တယ် ။
ကော်ဖီထိုင်အသောက် ဆိုင်ကယ်ပြန်အရောက်မှာ စိတ်ပူတဲ့မျက်နှာလေးနဲ့ ကောင်းကောင်းပြန်လို နင်ပြောလိုက်တာကိုလည်း ငါပျော်တယ် ။
အပြန်ခရီး...ဆိုင်ကယ်အစီးမှာ ပိာုတွေးဒီတွေး ကြယ်လေးကြွယ်ပါစေလို့ 
ဆုတောင်းပြီး ကောင်းကင်မော့ကြည့် ရတာကိုလည်း ငါပျော်တယ် ။
သင်္ဘောပေါ်က ၁၀တန်ပေးထိုင်ရတဲ့ ခုံမှာ ဒူးချိတ်ပြီးထိုင်နေတုန်း ကောင်းကင်ကိုထက်အကြည့်  တကယ်ကြီး ကြယ်ကြွေကျသွားတာကို မြင်လိုက်ရလို့  ဆုတောင်းခဲ့တာလည်း ငါပျော်တယ် ။
ရန်ကုန်ဘက် ကမ်းပြန်ကပ်လို့  ဘောတံတားအစပ် အပေါက်ဝကဘယ်သူမှမဆင်းခင် ငါအရင်ခုန်ပြီး ပြေးဆင်းလိုက်ရတာလည်း ငါပျော်တယ် ။
လိုင်းကားပေါ်မှာ နားကြပ်ကြီးတပ် ဘယ်ဆော်မှလိုက်မငမ်းပဲ မိန့် မိန့် ကြီး အိပ်ငိုက်လာခဲ့တာလည်း ငါပျော်တယ် ။
မိုးလင်းကမိုးချုပ် အပြင်မှာလျှောက်လုပ် ... ခေါင်းလောင်းကြိုးဆွဲလိုက်တာနဲ့ မဆူမပူပဲ တံခါးလာဖွင့်ပေးတဲ့ အမေ့ကိုအမြင် အမောပြေခဲ့တာလည်း ငါပျော်တယ် ။
အဖေအိပ်တော့  ဖုန်းခိုးဆက်.... လိုင်းမကောင်းတဲ့အထဲ နင်နဲ့ ငါ မရမက အပြစ်ပြောရင်းဖုန်းကျသွားတာလည်း ငါပျော်တယ် ။
မီးပျက်လို့  အခန်းထဲမှောင်မှောင်မဲမဲထိုင်ရင်း ..လက်တော့ကိုဖွင့် ဒီနေ့ အကြောင်းပြန်စဉ်းစားပြီး မမြင်မစမ်း တစ်လုံးချင်း စာရိုက်နေရတာလည်း ငါပျော်တယ် ။
ထွေထွေထူးထူး နေ့ တော့ မပာုတ်ခဲ့ပါဘူး ...
ဒီနေ့ ကို ငါပျော်တယ် ။
                                                                              တနင်္ဂနွေ ဂီတ (17.1.2012) / 1:35 AM
Wednesday, January 11, 2012
Frame Of Art
                                                                                                တနင်္ဂနွေ ဂီတ ( 12 January 2012 )
Wednesday, January 4, 2012
မျှော်လင့်ချက်
ထိုစဉ်အချိန်က လောက၏ ဒေါင့်ချိုးတစ်နေရာမှာ ...
ကြယ်ကြွေချိန်ကို မြင်ယောင် မျှော်လင့်နေချိန်ဖြစ်ပါသည် ။
အပြာရောင် တလင်းလင်းလွင့်နေသော စကြာဝဋာမှာ ...
လူငယ်တစ်ယောက်၏
တိမ်တစ်ပွင့်အတွက် နေရာမရှိခဲ့ ။
ထိုစဉ်အချိန်မှာ ...
လူငယ်တစ်ယောက်သည်
လမ်းပေါ်မှာ လမ်းလျှောက်ရင်း
သူကိုယ်တိုင်ပျောက်ဆုံးခဲ့ ရ၏ ။
လမ်းကိုတွေ့ သည်
သူ လမ်းဆက်လျှောက်ခဲ့ရသည် ။
သူ ကံကြမ္မာက
ထိုသို့ ဖြင့်ပင်
သူ သတိရသောညများမှာ
နှင်းဆီပွင့်သောအိပ်မက်တို့ မက်၏ ။
နှင်းဆီသည် ကမ္ဘာပေါ်မှာမရှိသော
အရောင်တစ်မျိုးဖြင့်  ရဲရဲနီနေသည် ။
သူသည် ' အညတရ ' မပာုတ် ။
အညတရထက်ပင်
ပိုသိမ်ငယ်ရသူဖြစ်သည် ။
သူ့ အကြောင်းကို သူဘာမှမသိ။
သူ့ အကြောင်းကို ...
ဘယ်သူကမှလည်း ဘာမှမသိ ။
အချိန်တန် အရွယ်သင့်သောအခါ
မြင့်သောနှင်းဆီကို
သူလှမ်းမိ၏ ။
အများကသတ်မှတ်ထားသည်ထက်ပင်
ပို စိတ်မနှံ့ သော လူငယ်တစ်ဦးအဖြစ်
အများက ...
ထပ်မံသတ်မှတ်ကြ၏ ။
ထိုသို့ ဖြင့်
စွန့် ခွာသွားရမည့်  အချိန်တိုင်ခဲ့ပြီ ။
ထိုစဉ်အချိန်က ...
ထိုကောင်မလေးသည်
သင်္ဘောဆိပ်အတွင်းမှာ
သနပ်ခါးရနံ့  မွှေးမြရင်း
အနောက်လေစီးတသုန်သုန်မှာ လှပနေဆဲဖြစ်၏ ။
သူ့ ရှေ့ မှာ သင်္ဘောတစ်စီးသည်
ဥသြဆွဲသံကြီးကို အန်ထုတ်တော့မည် ။
နှင်းဆီပွင့်က
နှင်းဆီရွက်ကို ယိမ်းခါပြသလို
ကောင်မလေးက လိုက်ပါပို့ ဆောင်သူကို
လက်ဝှေ့ ယမ်းကာ နူတ်ဆက်၏ ။
သင်္ဘောသည် သူ့ ကိုယ်လုံးကြီးကို တံခါးဖွင့်ပေးသည် ။
ကောင်မလေးက
မြို့ ကလေးကို ကျောခိုင်းလျက် ... ။
ထိုစဉ်အချိန်မှာ
သနပ်ခါးရနံ့ ရှုမိသော နှာခေါင်းမှာ
အသက်ရှုကြပ်ပါတော့ သည် ။
လူငယ်သည် ကောင်းမလေး၏
သနပ်ခါးရှိရာကို နမ်း၏ ။
" ဖြန်း "
လက်ဝါးတစ်ဖက်မြောက် ကာ
ပါးတစ်ဖက် လည်ထွက်သွားသည် ။
နမ်းမိသော နှာခေါင်းသည်
မမြင်ရသော မီးတို့ ဖြင့်  အဆင့်ဆင့်တောက်လောင်ခဲ့သည် ။
ညနေပိုင်းရဲ့ အမွန်အမြတ်တွေ ပြာကျ ။
လူငယ် .... သနပ်ခါး အဆိပ်သင့်ခဲ့ ပြီ ။
သင်္ဘောကြီးကတော့ 
အရာရာကို ဥပေက္ခာထားနိုင်ဆဲ ။
လူငယ်တစ်ယောက်၏
တိမ်တစ်ပွင့်အတွက် နေရာမရှိခဲ့  ။
သူ့ ကံကြမ္မာက ထိုသို့ မြဲပင် ...
မြစ်ကမ်းနားကို သူသွား၏ ။
မြစ်တစ်စင်းမပာုတ်သည့် တိုင် ထိုရေစီးလို သူလိုက်မျောခဲ့သည် ။
သနပ်ခါး ပိုင်ရှင်ကို
သူမမေ့ နိုင် ။
သူ သတိရသော ခုလိုချိန်မျိုးမှာ
အတိတ်က သူ့ ဘ၀ကို အလျားလိုက်ဝါးမြိုသည် ။
သူ့ ရင်ခွင်သည် ...
မမြင်ရသောမီးတို့ ဖြင့်  အဆင့်ဆင့်တောက်လောင်သွားပြီ ။
သနပ်ခါးရနံ့ ကို သူမျှော်လင့်ဆဲ ။
သူ့ ရင်ခွင်သည်
ကမ္ဘာပေါ်မှာမရှိသော အရောင်တစ်မျိုးဖြင့်  ရဲရဲနီနေဆဲ ။
လေထဲမျောသွားသော သနပ်ခါးနံ့ ကို လေထဲမျှောရင်း သူလိုက်၏ ။
သင်္ဘောကြီးကတော့ အရာရာကို ဥပေက္ခာပြုထားဆဲ ။
မျှော်လင့်ချက်တွေပြာကျ ။
ညနေပိုင်းရဲ့  အမွန်အမြတ်တွေ ပြယ်လွင့်  ။
လူငယ် ... သနပ်ခါးအဆိပ် သင့်ခဲ့ ပြီ ။
သူသည် အညတရမပာုတ်
အညတရထက်ပင်
ပိုသိမ်ငယ်ရသူဖြစ်သည် ။
သူ့ အကြောင်းကို သူကိုယ်တိုင်ဘာမှ မသိ
ထို့ ကြောင့်  ...
ဘယ်သူကမှလည်း ဘာမှမသိ ။
သူ့ ကိုလိုက်ပါပို့ ဆောင်သူမရှိ ။
ထိုကြောင့် လက်ဝှေ့ ယမ်း နူတ်ဆက်ပြစရာမလို ။
သူ့ အတွက် မလို ။
ထိုသို့ ဖြင့်  ...
ထိုဖြစ်ရပ်ကို မသိသော သနပ်ခါးလိမ်းသူက ..
ထိုဖြစ်ရပ်ကို တစ်ဆင့်ပြန်သိမဲ့ အချိန်မှာ
သုံးနှစ်ကျော် ကွာပာနေပေလိမ့်မည် ။
အံ့ သြခြင်း ..ကြေကွဲခြင်း .. တို့ နှင့်အတူ
လမ်းပေါ်မှာ လမ်းလျှောက်ရင်း
သူကိုယ်တိုင်ပျောက်ဆုံးခဲ့ရ၏ ။
လမ်းကို တွေ့ သည် ။
သူ့  ကိုယ်သူ မတွေ့  ။
သူ လမ်းဆက်လျှောက်ခဲ့သည် ။
သနပ်ခါးရနံ့  ကို သူ ရသည် ။
သနပ်ခါးလိမ်းသူကို သူ မတွေ့ ။
ဝိညာဉ်တစ်ခုလို အနံ့ ရသည်
သူ မတွေ့ ။
သူ ငိုသည် ။
သူ ချောက်ခြားသည် ။
ကျန်ခဲ့သော သူမဆီမှ
ရနံ့ များ သူ့ နောက်ကို လိုက်လာ၏ .. ( ထိုသို့  သူထင်သည် ။ )
သူ့  ကိုဆက်သွယ်၏ ။ .. ( ထိုသို့  သူထင်သည် ။ )
သူ့ ကို ကလဲ့စားချေလိမ့်မည် ။ ..  ( ထိုသို့  သူထင်သည် ။ )
သူ့ ထံ မကြာမီရောက်လာတော့ မည် ။ ..  ( ထိုသို့  သူထင်သည် ။ )
ထိုသို့ ဖြင့်  ...
သူမ ကို ငါရင်ဆိုင်မှာပါ ..
နီးတော့နီးနေပြီထင်ပါရဲ့ 
ငါ့ကံကြမ္မာက ထိုသို့  ဖြင့်ပင် ..
သူ့ အကြောင်းကို သူဘာမှမသိ။
သူ့ အကြောင်းကို ...
ဘယ်သူကမှလည်း ဘာမှမသိ ။
                                                                            တနင်္ဂနွေ ဂီတ ( 5 / 1 / 2011 )
Tuesday, January 3, 2012
Schizophrenia
ပင်စည်တစ်ခုထဲက ကိုင်းကွဲထွက်သလိုမျိုးလဲမပာုတ်
ဆင်တူ မွေးဖွားခြင်းလဲမပာုတ်
အပိုင်းပိုင်း အပြတ်ပြတ် တစ်နေရာထဲ ဆက်နွယ်ထားလိုက်နဲ့ 
သုတေသီတွေတောင် ခေါင်းကုတ်နေဆဲ ။
စက်သွား တစ်ခုလို ပုံမှန်လည်ပတ်နေတယ်
စိတ္တဇလို့ ပြောဖို့ ကလဲ အခက်သား
နဂိုမွေးထဲက သူ့ ထိုက်နဲ့ သူ့ ကံ
လက်မတော့ ထောင်နိုင်တယ် ။
သူများထက်ပဲ နှိမ့် ကျတာလား
သူများထက်ပဲ အစွမ်းထက်တာလား
Monalisa ပန်းချီကားထဲက ပျောက်နေတဲ့မျက်ခုံးတစ်စုံကိုတော့ 
သူအရင် သတိထားမိလိုက်တယ် ။
ဝင်္ကပါကို သူများတွေပတ်နေတုန်း
တောင်ထိပ်ပေါ်ကနေ ခဲလုံးလေးတွေ အောက်ပစ်ချနေတယ်
ကုသမှုခံယူနေဆဲလူနာတစ်ယောက်က
Grand Canyon ချောက်နက်ကြီးထဲက Coffee ဘူးခွံ ကိုရော ဘယ်တော့ ပြန်ကောက်နိုင်မှာလဲ ။
ပြောမဲ့သာပြောတာ
အဲ့လို ဘ၀မျိုးရဖို့ အသေအလဲဆုတောင်းတယ်
သူများထက်လုပ်နိုင်စွမ်းက
( 1 : 6 ) ကိုး ...... ။
                                                                                             တနင်္ဂနွေ ဂီတ ( 3 Janauary 2012 )